ရန်ကုန်၊ နိုဝင်ဘာ ၁၈ ရက် (ဆင်ဟွာ) အကျဉ်းထောင်အသီးသီးတွင် ပြစ်ဒဏ်ကျခံနေရသော အကျဉ်းသား/သူ ၅၇၇၄ ဦးအား လွတ်ငြိမ်းချမ်းသာခွင့်ပြုလိုက်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက နိုဝင်ဘာ၁၇ ရက် ထုတ်ပြန်သောကြေညာချက်အရ သိရသည်။
ရန်ကုန်၊ နိုဝင်ဘာ ၁၇ ရက် (ဆင်ဟွာ) အကျဉ်းထောင်အသီးသီးတွင် ပြစ်ဒဏ်ကျခံနေရသော အကျဉ်းသား/သူ ၅၇၀၀ကျော်အား လွတ်ငြိမ်းချမ်းသာခွင့်ပြုလိုက်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ယနေ့ (နိုဝင်ဘာ ၁၇ ရက်) ထုတ်ပြန်သောကြေညာချက်အရ သိရသည်။ ယနေ့ ကျရောက်သော အမျိုးသားအောင်ပွဲနေ့ကို ဂုဏ်ပြုသောအားဖြင့်လည်းကောင်း၊ လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့် လည်းကောင်း အကျဉ်းထောင်အသီးသီးတွင် ပြစ်ဒဏ်ကျခံနေရသော...
ရန်ကုန် ၊ ဩဂုတ် ၂ ရက် (ဆင်ဟွာ) နိုင်ငံတစ်ဝန်းလုံး အရေးပေါ်အခြေအနေကြေညာထားသည့်ကာလကို ဒုတိယအကြိမ် ခြောက်လသက်တမ်း တိုးမြှင့်ကြောင်းကို အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီက ကြေညာချက်အမှတ် ၂/၂၀၂၂ ၊ ဇူလိုင်လ ၃၁ရက် ရက်စွဲနှင့် ထုတ်ပြန်ကြေညာခဲ့သည်။ (Xinhua) #ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် #အရေးပေါ်အခြေအနေသက်တမ်းတိုး #အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ #ဆင်ဟွာ #ဆင်ဟွာမြန်မာ
ရန်ကုန်၊ ဇူလိုင် ၁၄ ရက် (ဆင်ဟွာ) ဇူလိုင် ၁၉ရက်တွင် ကျရောက်မည့် ၇၅ နှစ်မြောက်အာဇာနည်နေ့တွင် အာဇာနည်ဗိမာန်၊ အတွင်းဝန်ရုံးနှင့်ဗိုလ်ချုပ်အောင်ဆန်းပြတိုက်သို့ လာရောက်ဂါရဝပြုမည့် ပြည်သူများအနေဖြင့် လက်ကိုင်ဖုန်းများအပါအဝင် သယ်ဆောင်ခွင့်မပြုသည့် ပစ္စည်းများနှင့် COVID-19 စည်းမျဉ်းစည်းကမ်းအား လိုက်နာရန် ထုတ်ပြန်ကြေညာထားကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့မှ ဒုတိယအဖွဲ့ခေါင်းဆောင် ဦးသက်ဆွေက ဆင်ဟွာသို့...
ရန်ကုန်၊ ဇူလိုင် ၁၃ ရက် (ဆင်ဟွာ) စက်သုံးဆီကို ရည်ညွှန်းဈေးထက် ပိုမိုရောင်းချသောအရောင်းဆိုင် ၈၂ ဆိုင်အား ဒဏ်ကြေးငွေ ပေးဆောင်စေပြီး အရေးယူဆောင်ရွက်ခဲ့ ကြောင်း စက်သုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်း လုပ်ငန်း ကြီးကြပ်ရေး ကော်မတီမှ တာဝန်ရှိသူတစ်ဦးက ဆင်ဟွာသို့ ယနေ့ ဇူလိုင် ၁၃ ရက်တွင်ပြောသည်။
ရန်ကုန်၊ ဇူလိုင် ၆ ရက် (ဆင်ဟွာ) ပြည်ပရောက် မြန်မာနိုင်ငံသားများအနေဖြင့် ၎င်းတို့၏ နိုင်ငံကူးလက်မှတ်များ သက်တမ်းကုန်ဆုံးသွားပါက သက်တမ်းတိုးလျှောက်ထားခြင်းလုပ်ငန်းကို သက်ဆိုင်ရာနိုင်ငံများရှိ ကောင်စစ်ဆိုင်ရာကိစ္စရပ်များကို သံရုံး/ အဖွဲ့ရုံး/ ကောင်စစ်ဝန်ချုပ်ရုံးများ၌ “ပုံမှန်အတိုင်း” လက်ခံဆောင်ရွက်ပေးလျက်ရှိကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ ယနေ့ ဇူလိုင် ၆ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။
ရန်ကုန်၊ ဇူလိုင် ၁ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးသံတမန် မစ္စတာ ပရက် ဆော့ခွန်းနှင့် တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေးစာချုပ် (NCA) လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် ၇ ဖွဲ့တို့ ယနေ့ (ဇူလိုင် ၁ ရက်) နေပြည်တော်တွင် တွေဆုံဆွေးနွေးခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင်...
ရန်ကုန်၊ ဇွန် ၃၀ ရက် (ဆင်ဟွာ) ၂၀၂၂ ခုနှစ် ဇူလိုင် ၁ ရက်တွင် ဖွင့်လှစ်မည့် အကြိမ် ၄၀ မြောက် အောင်ဘာလေသိန်းဆုဖွင့်ပွဲအတွက် ထီစာအုပ် ၃၁၇,၅၅၀ အုပ်ရောင်းချနိုင်ခဲ့ပြီး ထီဆုငွေ ကျပ်သန်းပေါင်း ၂၂၂၂.၈၅၀ ချီးမြှင့်မည်ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ အောင်ဘာလေသိန်းဆုဌာနခွဲ၏...
ရန်ကုန် ၊ ဇွန် ၂၆ ရက်(ဆင်ဟွာ) အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ဖြစ်သည့် ယနေ့ ဇွန် ၂၆ ရက်တွင် ဖမ်းဆီးရမိ ထားသော မူးယစ်ဆေးဝါး များနှင့် ဓာတု ပစ္စည်းများ မီးရှို့ဖျက်ဆီးပွဲအခမ်းအနားများကို မန္တလေး ၊ ရန်ကုန်နှင့် ရှမ်းပြည်နယ် တောင်ကြီးမြို့တို့၌...
ရန်ကုန်၊ မေ ၂၇ ရက် (ဆင်ဟွာ) မူးယစ်ဆေးဝါးထုတ်လုပ်ရာတွင် အသုံးပြုသည့် ပရီကာဆာ ဓာတုပစ္စည်းများမှာ တရားမဝင်နည်းလမ်းမျိုးစုံဖြင့် ဝင်ရောက်လာမှုများကြောင့် ဒေသတွင်း လူလုပ်ဆေးဝါး (Synthetic Drugs) ထုတ်လုပ်မှုများ ဆက်လက်မြင့်မားလျက်ရှိကြောင်း၊ မူးယစ်ဆေးဝါးပြဿနာအား ဖြေရှင်းနိုင်ရန်မှာ မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အဓိက မရှိမဖြစ်လိုအပ်သည့် ပရီကာဆာ ဓာတုပစ္စည်းထိန်းချုပ်ရေးကို ဦးစားပေးဆောင်ရွက်ရန်လိုကြောင်း မြန်မာနိုင်ငံ...