ရန်ကုန် ၊ ဒီဇင်ဘာ ၁၈ ရက်(ဆင်ဟွာ) ရန်ကုန်မြို့ ပန်းဆိုးတန်း-ဒလ ပြေးဆွဲသည့် ချယ်ရီခရီးသည်တင် သင်္ဘောပေါ်တွင် ယနေ့ ဒီဇင်ဘာ ၁၈ ရက် ညပိုင်းတွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ၁၇ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကျောက်တံတားမြို့နယ် အရန်မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။
ရန်ကုန် ၊ ဒီဇင်ဘာ ၁၅ ရက်(ဆင်ဟွာ) ၂၀၂၂ ခုနှစ် အတွင်း မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှု ၆,၂၇၆ မှုရှိခဲ့ပြီး စုစုပေါင်း ကာလတန်ဖိုးငွေကျပ် ၁၀၆၉.၉၄ ဘီလီယံကျော်ကို ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ အစည်းအဝေး (၁/၂၀၂၂)ထံမှ သိရသည်။ ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးများအနက် ဘိန်း ၁.၁ တန်ကျော်၊...
ရန်ကုန်၊ နိုဝင်ဘာ ၂၈ ရက် (ဆင်ဟွာ) နိုဝင်ဘာလ ၂၈ ရက်မှ ဒီဇင်ဘာလ ၄ ရက်အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီ တစ်ပိဿာလျှင် ၄၄၂၅ ကျပ် ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်း သိုလှောင် ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီ၏ ထုတ်ပြန်ကြေညာချက်အရ...
ရန်ကုန်၊ နိုဝင်ဘာ ၁၈ ရက် (ဆင်ဟွာ) အကျဉ်းထောင်အသီးသီးတွင် ပြစ်ဒဏ်ကျခံနေရသော အကျဉ်းသား/သူ ၅၇၇၄ ဦးအား လွတ်ငြိမ်းချမ်းသာခွင့်ပြုလိုက်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက နိုဝင်ဘာ၁၇ ရက် ထုတ်ပြန်သောကြေညာချက်အရ သိရသည်။
ရန်ကုန်၊ နိုဝင်ဘာ ၁၇ ရက် (ဆင်ဟွာ) အကျဉ်းထောင်အသီးသီးတွင် ပြစ်ဒဏ်ကျခံနေရသော အကျဉ်းသား/သူ ၅၇၀၀ကျော်အား လွတ်ငြိမ်းချမ်းသာခွင့်ပြုလိုက်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ယနေ့ (နိုဝင်ဘာ ၁၇ ရက်) ထုတ်ပြန်သောကြေညာချက်အရ သိရသည်။ ယနေ့ ကျရောက်သော အမျိုးသားအောင်ပွဲနေ့ကို ဂုဏ်ပြုသောအားဖြင့်လည်းကောင်း၊ လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့် လည်းကောင်း အကျဉ်းထောင်အသီးသီးတွင် ပြစ်ဒဏ်ကျခံနေရသော...
ရန်ကုန် ၊ ဩဂုတ် ၂ ရက် (ဆင်ဟွာ) နိုင်ငံတစ်ဝန်းလုံး အရေးပေါ်အခြေအနေကြေညာထားသည့်ကာလကို ဒုတိယအကြိမ် ခြောက်လသက်တမ်း တိုးမြှင့်ကြောင်းကို အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီက ကြေညာချက်အမှတ် ၂/၂၀၂၂ ၊ ဇူလိုင်လ ၃၁ရက် ရက်စွဲနှင့် ထုတ်ပြန်ကြေညာခဲ့သည်။ (Xinhua) #ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် #အရေးပေါ်အခြေအနေသက်တမ်းတိုး #အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ #ဆင်ဟွာ #ဆင်ဟွာမြန်မာ
ရန်ကုန်၊ ဇူလိုင် ၁၄ ရက် (ဆင်ဟွာ) ဇူလိုင် ၁၉ရက်တွင် ကျရောက်မည့် ၇၅ နှစ်မြောက်အာဇာနည်နေ့တွင် အာဇာနည်ဗိမာန်၊ အတွင်းဝန်ရုံးနှင့်ဗိုလ်ချုပ်အောင်ဆန်းပြတိုက်သို့ လာရောက်ဂါရဝပြုမည့် ပြည်သူများအနေဖြင့် လက်ကိုင်ဖုန်းများအပါအဝင် သယ်ဆောင်ခွင့်မပြုသည့် ပစ္စည်းများနှင့် COVID-19 စည်းမျဉ်းစည်းကမ်းအား လိုက်နာရန် ထုတ်ပြန်ကြေညာထားကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့မှ ဒုတိယအဖွဲ့ခေါင်းဆောင် ဦးသက်ဆွေက ဆင်ဟွာသို့...
ရန်ကုန်၊ ဇူလိုင် ၁၃ ရက် (ဆင်ဟွာ) စက်သုံးဆီကို ရည်ညွှန်းဈေးထက် ပိုမိုရောင်းချသောအရောင်းဆိုင် ၈၂ ဆိုင်အား ဒဏ်ကြေးငွေ ပေးဆောင်စေပြီး အရေးယူဆောင်ရွက်ခဲ့ ကြောင်း စက်သုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်း လုပ်ငန်း ကြီးကြပ်ရေး ကော်မတီမှ တာဝန်ရှိသူတစ်ဦးက ဆင်ဟွာသို့ ယနေ့ ဇူလိုင် ၁၃ ရက်တွင်ပြောသည်။
ရန်ကုန်၊ ဇူလိုင် ၆ ရက် (ဆင်ဟွာ) ပြည်ပရောက် မြန်မာနိုင်ငံသားများအနေဖြင့် ၎င်းတို့၏ နိုင်ငံကူးလက်မှတ်များ သက်တမ်းကုန်ဆုံးသွားပါက သက်တမ်းတိုးလျှောက်ထားခြင်းလုပ်ငန်းကို သက်ဆိုင်ရာနိုင်ငံများရှိ ကောင်စစ်ဆိုင်ရာကိစ္စရပ်များကို သံရုံး/ အဖွဲ့ရုံး/ ကောင်စစ်ဝန်ချုပ်ရုံးများ၌ “ပုံမှန်အတိုင်း” လက်ခံဆောင်ရွက်ပေးလျက်ရှိကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ ယနေ့ ဇူလိုင် ၆ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။
ရန်ကုန်၊ ဇူလိုင် ၁ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးသံတမန် မစ္စတာ ပရက် ဆော့ခွန်းနှင့် တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေးစာချုပ် (NCA) လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် ၇ ဖွဲ့တို့ ယနေ့ (ဇူလိုင် ၁ ရက်) နေပြည်တော်တွင် တွေဆုံဆွေးနွေးခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင်...