Connect with us

Myanmar

မြန်မာနိုင်ငံက အရေးပေါ်အခြေအနေ ကြေညာထားသည့်ကာလကို နောက်ထပ် ၆ လ သက်တမ်း တိုးမြှင့်

အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ (ကာ/လုံ) အစည်းအဝေးကျင်းပစဉ် (ဓာတ်ပုံ-သတင်းထုတ်ပြန်ရေးအဖွဲ့)

ရန်ကုန်၊ ဇန်နဝါရီ ၃၁ ရက် (ဆင်ဟွာ)
အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ (ကာ/လုံ) က နိုင်ငံတော် တစ်ဝန်းလုံး အရေးပေါ် အခြေအနေ ကြေညာထားသည့်ကာလကို ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၃၁ ရက်တွင် နောက်ထပ် ခြောက်လ တိုးမြှင့် သတ်မှတ်လိုက်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်သော သတင်းအရ သိရသည်။
နိုင်ငံအတွင်း သာမန်မဟုတ်သည့်အခြေအနေများ ဖြစ်ပေါ်နေခြင်းကြောင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၂၅ အရ အရေးပေါ် အခြေအနေ ကြေညာထားသည့်ကာလကို နောက်ထပ် ခြောက်လ တိုးမြှင့် သတ်မှတ်ရန် ဇန်နဝါရီ ၃၁ ရက်၌ ပြုလုပ်သော အမျိုးသားကာကွယ်ရေး နှင့် လုံခြုံရေးကောင်စီ (ကာ/လုံ) အစည်းအဝေး၌ ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။
ထိုသို့ အရေးပေါ်ကာလသက်တမ်းတိုးမြှင့်ခြင်းကို အစည်းအဝေးတက်ရောက်လာသော အမျိုးသား ကာကွယ်ရေး နှင့် လုံခြုံရေးကောင်စီ (ကာ/လုံ) အဖွဲ့ဝင်များအားလုံး၏ ဆုံးဖြတ်ချက်များဖြင့် ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ကာ/လုံ အစည်းအဝေးကို နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံးတွင် ကျင်းပပြုလုပ်ခဲ့ပြီး ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ ယာယီသမ္မတ(တာဝန်) တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် အဖွဲ့ဝင် ရှစ်ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံသည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် အရေးပေါ်ကာလ တစ်နှစ် စတင်ကြေညာခဲ့ပြီး ယခုနှစ် ဇန်နဝါရီ ၃၁ ရက်မတိုင်မီ ၆ လတစ်ကြိမ်ဖြင့် သက်တမ်း ၆ ကြိမ်အထိ တိုးခဲ့ကြောင်း သိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117