ရန်ကုန်၊ ဧပြီ ၂၂ ရက် (ဆင်ဟွာ) ၂၀၂၄ ခုနှစ်တွင် ပြည်လုံးကျွတ်လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် စီမံချက်ရေးဆွဲပြီးဆောင်ရွက်လျက်ရှိကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ သိရသည်။ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက “အဲဒီအတွက် ကြိုတင်ပြင်ဆင်ခြင်း လုပ်ငန်း၊ စာရင်းကောက်ယူခြင်းလုပ်ငန်း၊ စာရင်းဇယားပြုစုခြင်းလုပ်ငန်း၊ဆန်းစစ်လေ့လာခြင်းနဲ့ အစီရင်ခံစာ ထုတ်ပြန်ခြင်းလုပ်ငန်းတွေကို ၂၀၂၁ ခုနှစ်...
ရန်ကုန်၊ ဧပြီ ၂၂ ရက် (ဆင်ဟွာ) နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရေးကိုထိထိရောက်ရောက်ဖော်ဆောင်ဖို့အတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးရန် ယနေ့ (ဧပြီ ၂၂ရက်)ပြောကြားသော ငြိမ်းချမ်းရေးမိန့်ခွန်း၌ ဖိတ်ခေါ်လိုက်ကြောင်း သိရသည်။ “ဒီ၂၀၂၂ခုနှစ်မှာ ငြိမ်းချမ်းရေးနှစ်ဖြစ်ကြောင်းနဲ့ တစ်နိုင်ငံလုံးမှာ လက်နက်ကိုင် ပဋိပက္ခချုပ်ငြိမ်းရေးကို ဆောင်ရွက်သွားမယ်လို့...
ရန်ကုန်၊ ဧပြီ ၁၉ ရက် (ဆင်ဟွာ) ပြည်တွင်း၌ စက်သုံးဆီများ လုံလုံလောက်လောက်ရှိသောကြောင့် ပြည်သူများအနေဖြင့် စိုးရိမ်ရန်မလိုကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့မှ ဒုတိယအဖွဲ့ခေါင်းဆောင် ဦးဆောင်ညွှန်ကြားရေးမှူး ဦးသက်ဆွေ က ဆင်ဟွာသို့ ယနေ့ ဧပြီ ၁၉ ရက်တွင် အတည်ပြုပြောကြားသည်။
ရန်ကုန်၊ ဧပြီ ၈ ရက် (ဆင်ဟွာ) သင်္ကြန် အကြိုနေ့ ဖြစ်သော ဧပြီလ ၁၃ ရက်တွင် အောင်မင်္ဂလာအဝေးပြေး မှ ယာဉ်လိုင်း ၃၆ လိုင်းနှင့် ဒဂုံဧရာအဝေးပြေးယာဉ်ရပ်နားစခန်းမှ ယာဉ်လိုင်း ၈၆ လိုင်းပြေးဆွဲမည်ဟု ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ(YRTC) ထံမှ သိရသည်။ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ(YRTC)...
ရန်ကုန်၊ ဧပြီ ၁ ရက် (ဆင်ဟွာ) အိမ်မွေးတိရစ္ဆာန်အပါအဝင် ကုန်စည်လိုင်းတချို့ကို သွင်းကုန်လိုင်စင်လျှောက်ထားရန် လိုအပ်သော ကုန်စည်လိုင်းအဖြစ် မေလ ၁ ရက်နေ့မှစ၍ သတ်မှတ်လိုက်ကြောင်း၊ ယနေ့အထိ တင်သွင်းကုန်စည်၏ ၈၀ ရာခိုင်နှုန်းကျော်မှာ လိုင်စင်လျှောက်ထားရန် လိုအပ်သော ကုန်စည်အဖြစ်သတ်မှတ်ထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမင်းမင်းက ဆင်ဟွာသို့...
ရန်ကုန်၊ မတ် ၂၉ ရက် (ဆင်ဟွာ) အမျိုးသားစည်း လုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိ နှိုင်းရေးကော်မတီ နှင့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် ၅ ဖွဲ့ တို့တွေ့ဆုံဆွေးနွေးခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ သတင်းထုတ်ပြန်ရေးအဖွဲ့ထံမှ သိရသည်။
ရန်ကုန်၊ မတ် ၂၇ ရက် (ဆင်ဟွာ) (၇၇)နှစ်မြောက်တပ်မတော်နေ့စစ်ရေးပြအခမ်းအနားကို ယနေ့ (မတ် ၂၇ရက်) နံနက်ပိုင်းတွင် နေပြည်တော်စစ်ရေးပြကွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ အဆိုပါ တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားတွင် အနော်ရထာစစ်ကြောင်း၊ ကျန်စစ်သားစစ်ကြောင်း၊ဘုရင့်နောင်စစ်ကြောင်း၊အောင်ဇေယျစစ်ကြောင်း၊ဆင်ဖြူရှင်စစ်ကြောင်း၊ ဗန္ဓုလစစ်ကြောင်းနှင့် အောင်ဆန်းစစ်ကြောင်းတို့သည် စုရပ်ဖြစ်သည့် သစ်တပ်ကွင်းမှ စစ်ရေးပြကွင်းသို့ တပ်မတော်စစ်တီးဝိုင်းအဖွဲ့များ၏ တီးခတ်မှုနှင့်အတူ စစ်ချီသီချင်းများသီဆို၍...
ရန်ကုန်၊ မတ် ၁၈ ရက် (ဆင်ဟွာ) နိုင်ငံတကာလေကြောင်းခရီးစဉ်များကို ဧပြီ ၁၇ ရက် (မြန်မာနှစ်ဆန်းတစ်ရက်) မှစတင်၍ ကိုဗစ်-၁၉ ရောဂါပြည်ဝင်ခွင့်လိုအပ်ချက်များနှင့်အညီ သတ်မှတ်စည်းကမ်းချက်များ အတိုင်း ပုံမှန်ပြန်လည်ပြေးဆွဲခွင့်ပြုမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ မတ် ၁၆ ရက် (ဆင်ဟွာ) စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့ရှိ ကလေးအကျဉ်းထောင်၌ မတ် ၁၅ ရက် ညနေပိုင်းက အကျဉ်းသားအချုပ်သား (၅၀)ခန့်သည် အကျဉ်းထောင် တာဝန်ရှိသူများအား ဓားစာခံပြုလုပ်ပြီး ထွက်ပြေးလွတ်မြောက်ရန်ကြံစည်မှုဖြစ်ပွားခဲ့ရာမှ အချုပ်သား/အကျဉ်းသား (၇) ဦးသေဆုံးကာ အခြား (၁၂)ဒဏ်ရာရသွားကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ သတင်းထုတ်ပြန်ရေးအဖွဲ့မှ ထုတ်ပြန်သော...
ရန်ကုန်၊ မတ် ၁၆ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ၌ သန်းနှင့် ချီသော ငွေစက္ကူအတု ထွက်ရှိသည်ဆိုသော သတင်းမှာ ကောလာဟလ သာဖြစ်ကြောင်း၊ လက်ရှိတွင် ဘဏ်များအနေဖြင့် လမ်းကြောင်းပေါ်သို့ ပြန်လည်ရောက်ရှိလာပြီဖြစ်ပြီး အပ်ငွေ နှင့် ထုတ်ငွေ တွင် အပ်ငွေကပိုမိုများလာကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးဝင်းသော် က...