ရန်ကုန်၊ နိုဝင်ဘာ ၂၉ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ်၊ စစ်တွေမြို့ အနောက်မြောက်ဘက် ၃၈မိုင်အကွာ၌ ဘင်္ဂါလီလူမျိုး ၂၂၈ ဦးလိုက်ပါလာသော စက်လှေတစ်စီးအား ယနေ့(နိုဝင်ဘာ ၂၉ ရက်) နံနက်ပိုင်းက ဖမ်းဆီးရမိခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်သော သတင်းအရ သိရသည်။ တပ်မတော်(ရေ)မှ ယနေ့ နံနက်...
ရန်ကုန်၊ နိုဝင်ဘာ ၂၆ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့တွင် ငွေကျပ် ၂ ဒသမ ၂၁ ဘီလီယံကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံ မူးယစ်ဆေးဝါးအလွဲသုံးစွဲမှု ထိန်းချုပ်ရေးဗဟိုကော်မတီ (CCDAC Myanmar) မှ နိုဝင်ဘာ ၂၆ ရက်တွင် ထုတ်ပြန်ခဲ့သည်။
နေပြည်တော် ၊ နိုဝင်ဘာ ၂၃ ရက်(ဆင်ဟွာ) စတုတ္ထအကြိမ်မြောက်၊ ကမ္ဘာ့မီဒီယာထိပ်သီးဆွေးနွေးပွဲ (4th World Media Summit)အား COVID-19 ရောဂါ သက်ရောက်မှုအောက်မှ မီဒီယာဖွံ့ဖြိုးရေးမဟာဗျူဟာ ခေါင်းစဉ်ဖြင့် နိုဝင်ဘာ ၂၂ ရက်တွင် Video Conferencing စနစ်ဖြင့် ကျင်းပရာ မြန်မာနိုင်ငံမှ ပြန်ကြားရေးဝန်ကြီးဌာန ၊...
ရန်ကုန်၊ နိုဝင်ဘာ ၉ ရက် (ဆင်ဟွာ) ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်ရှိ ဇဟားလုံခြုံရေးရဲကင်း၌ ယနေ့ (နိုဝင်ဘာ ၉ရက်) နံနက်အစောပိုင်းတွင် ပစ်ခတ်မှုဖြစ်ပွားရာ ရဲတပ်ဖွဲ့ဝင် ၅ ဦးသေဆုံးသွားခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ အဆိုပါ အမြန်လမ်းမကြီး မိုင်တိုင် (၁၁၀)ရှိဇဟားလုံခြုံရေးရဲကင်းအား လက်နက်ကိုင်ဆောင်သူများက လာရောက်စီးနင်းပစ်ခတ်ခဲ့ခြင်းကြောင့် ရဲကင်းကျပြီး...
ရန်ကုန် ၊ နိုဝင်ဘာ ၁ ရက်(ဆင်ဟွာ) COVID-19 ထိန်းချုပ်မှု အားကောင်းလာပြီ ဖြစ်သည့်အတွက်ကြောင့် နယ်စပ်ကုန်သွယ်ရေး မြှင့်တင်၊ ဖွင့်နိုင်ရေးအတွက် ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ (၉)လပြည့် နိုင်ငံတော် တာဝန်ထမ်းဆောင်ခဲ့မှုနှင့် ပတ်သက်၍ ပြောကြားသည့် မိန့်ခွန်းတွင်...
ရန်ကုန်၊ အောက်တိုဘာ ၂၉ ရက် (ဆင်ဟွာ) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ နာယကအဖွဲ့ဝင် ဦးဝင်းထိန်ကို ယနေ့ (အောက်တိုဘာ ၂၉ ရက်)၌ နေပြည်တော်၊ ဒက္ခိဏခရိုင် တရားရုံးမှ ထောင်ဒဏ်အနှစ်(၂၀)ချမှတ်လိုက်ကြောင်း တပ်မတော်သတင်းထုတ်ပြန်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦး ဆင်ဟွာသို့ပြောကြားသည်။
ရန်ကုန်၊ အောက်တိုဘာ ၂၆ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံက အာဆီယံထိပ်သီးအစည်းအဝေးများသို့ နိုင်ငံ့အကြီးအကဲအဆင့် သို့မဟုတ် ၎င်း၏ကိုယ်စား ပြည်ထောင်စုဝန်ကြီးအဆင့် တက်ရောက်ခွင့် မရရှိသောကြောင့် မတက်ရောက် နိုင်ခဲ့ခြင်းမှာ အာဆီယံကို သပိတ်မှောက်နေခြင်းမဟုတ်ဘဲ အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံ၏ ရရှိသင့်သည့် အခွင့်အရေးကိုတောင်းဆိုခြင်းသာဖြစ်ကြောင်း ယနေ့ (အောက်တိုဘာ ၂၆ ရက်)တွင် နိုင်ငံခြားရေးဝန်ကြီးဌာနက...
ရန်ကုန်၊ အောက်တိုဘာ ၂၃ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံအဝှမ်း ၂၀၂၁ ခုနှစ် အောက်တိုဘာ ၂၁ ရက်အထိ ပြည်သူ၊တပ်မတော်သား၊ရဲနှင့် အစိုးရဝန်ထမ်း ၁၃၃၇ ဦးသေဆုံးပြီး ၁၃၆၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့မှ ယနေ့ထုတ်ပြန်သော တပ်မတော်နိုင်ငံတော်တာဝန်ရယူခဲ့ရပြီးနောက်ပိုင်းအခြေအနေများနှင့် အာဆီယံ အထူးကိုယ်စားလှယ်ကိစ္စနှင့်စပ်လျဉ်း၍ သတင်းထုတ်ပြန်ချက်အရ သိရသည်။...
ရန်ကုန်၊ အောက်တိုဘာ ၂၂ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တထောင်မြို့နယ်၊ ၄၈လမ်းနှင့် မဟာဗန္ဓုလလမ်းထောင့်ရှိ Urban Asia Centerတွင် ဖွင့်လှစ်ထားသော ကမ္ဘောဇဘဏ်ခွဲအား ယနေ့(အောက်တိုဘာ ၂၂ရက်) မွန်းလွဲပိုင်းက လက်နက်ကိုင် လူ၅ ဦး ဓါးပြတိုက်ပြီး ကျပ်သိန်းသုံးထောင်ကျော် ယူဆောင်သွားကြောင်း တပ်မတော်သတင်းထုတ်ပြန်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။...
ရန်ကုန်၊ အောက်တိုဘာ ၁၈ ရက် (ဆင်ဟွာ) နိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်၊ အချုပ်ထောင်/စခန်း အသီးသီးတွင် အကျဉ်းကျခံနေရသူ ၁၃၀၀ကျော်နှင့် တရားစွဲခံနေရသူ ၄၀၀၀ကျော်အား ယနေ့(အောက်တိုဘာ ၁၈ ရက်)တွင် လွတ်ငြိမ်းသက်သာခွင့် ပေးလိုက်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ထုတ်ပြန်သော သတင်းအရ သိရသည်။ မြန်မာနိုင်ငံတော်အစိုးရ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး...