Connect with us

Politics, Law & Military

မြန်မာနိုင်ငံ၌ ပထမဆုံး အဖြစ် နိုင်ငံခြားသား အမြဲနေထိုင်ခွင့် လက်မှတ် (PR) များ စတင် ခွင့်ပြု ထုတ်ပေး လျှက်ရှိ

လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၏ ဌာနတစ်ခုမြင်ကွင်း (ဓာတ်ပုံ - MOI)

ရန်ကုန် ၊ ဇူလိုင် ၁၄ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ၌ ပထမဆုံးအဖြစ် နိုင်ငံခြားသား အမြဲနေထိုင်ခွင့် လက်မှတ် (PR) ကို ဇူလိုင်လ ၁၃ ရက်မှ စတင်၍ ခွင့်ပြု ထုတ်ပေးနေပြီး ပထမ အသုတ်အဖြစ် ၁၂၄ ဦးကို နိုင်ငံခြားသား အမြဲနေထိုင်ခွင့် လက်မှတ် ထုတ်ပေးရန် ရှိကြောင်း လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာနမှ သိရသည်။

“အခု ၁၃ ရက်နေ့က ထုတ်ပေးခဲ့တာက အမျိုးအစား အလိုက်က ကျွမ်းကျင် နိုင်ငံခြားသား ၇ ဦး ၊ ရင်းနှီးမြှုပ်နှံသူ ၁ ဦး ၊ မြန်မာနိုင်ငံသားဟောင်း ၁၃ ဦး ၊ ဆက်စပ်နိုင်ငံခြားသား ၂၄ ဦး စုစုပေါင်း ၄၅ ဦး ထုတ်ပေးခဲ့ပါတယ်။ ဒီနေ့လည်း ကျွမ်းကျင်သူ ၁ ဦး ၊ ရင်းနှီးမြှုပ်နှံသူက ၃ ဦး ၊ မြန်မာနိုင်ငံသား ဟောင်း ၁၈ ဦး ၊ ဆက်စပ် နိုင်ငံခြားသားက ၄ ဦး အားလုံး ဒီနေ့၂၆ ဦး ထုတ်ပေးခဲ့ပါတယ်။ သူတို့လာလျှောက်ရင် စိစစ်ပြီး ခွင့်ပြုမှာပါ။ အဲဒီအထဲက ဒါက ပထမအသုတ်ကို စပြီး ခွင့်ပြုတာပါ။ နောက်နေ့တွေလည်း ပေးဖို့ ရှိပါသေးတယ်။ ကျန်တဲ့ သူတွေကိုလည်း စိစစ် ဆောင်ရွက်ဆဲပါ ” ဟု လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာန ၊ နိုင်ငံခြားသားများ ရေးရာ ဌာနခွဲမှ ညွန်ကြားရေးမှူး ဒေါ်အေးအေးသိန်းက ဆင်ဟွာသို့ပြောသည်။

မြန်မာနိုင်ငံ၌ နိုင်ငံခြားသား အမြဲနေထိုင်ခွင့် လက်မှတ် (PR) ကို စတင် လျှောက်ထားခွင့် ပြုသည့် ဇန်နဝါရီလမှ စတင်၍ ယခုအချိန်ထိ လျှောက်ထားသူ ၂၀၄ ဦး ရှိပြီး ၎င်းတို့အနက်မှ ၁၂၄ ဦးကို စိစစ် ခွင့်ပြုခဲ့ခြင်း ဖြစ်သည်။ ထပ်မံ၍ ဒုတိယ အသုတ် အဖြစ် ၅၃ ဦးကိုလည်း ဇူလိုင်လထဲတွင် လူတွေ့အကဲဖြတ်ရန် ရှိပြီး ဆက်လက်၍ လုပ်ငန်းစဉ် အတိုင်း ခွင့်ပြုသင့် / မသင့် စိစစ် ဆောင်ရွက်သွားမည်ဟု သိရသည်။

အမြဲ နေထိုင်ခွင့် လျှောက်ထားသူများသည် နိုင်ငံကူး လက်မှတ် ၊ အိမ်ထောင်စု လူဦးရေ စာရင်း ၊ ကျွမ်းကျင် ပညာရှင် ဆိုပါကလည်း ပညာရှင် ဖြစ်ကြောင်း အထောက်အထားများ ၊ ရင်းနှီးမြှုပ်နှံသူ ဆိုပါက ရင်းနှီးမြှုပ်နှံခွင့် ပြုထားသည့် လုပ်ငန်းပါမစ် စသဖြင့် သတ်မှတ် စိစစ်ကြောင်း သိရသည်။

နိုင်ငံခြားသား အမြဲနေထိုင်ခွင့် လက်မှတ် ထုတ်ပေးရာတွင် နိုင်ငံခြားသား ဆိုပါက တစ်နှစ်လျှင် ဒေါ်လာ တစ်ထောင် ကောက်ခံပြီး မြန်မာနိုင်ငံသား ဟောင်း ဆိုပါက တစ်နှစ်အတွက် ဒေါ်လာ ၅၀၀ ကောက်ခံသည်။ ၂ နှစ်အောက် ကလေးငယ်များကို အခမဲ့ ပေးပြီး ၇ နှစ်မှ ၁၈ နှစ်အထိ တစ်နှစ်လျှင် အမေရိကန် ဒေါ်လာ ၃၀၀ ကောက်ခံကြောင်း သိရသည်။

လူဝင်မှု ကြီးကြပ်ရေး နှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ နိုင်ငံခြားသား အမြဲ နေထိုင်ခွင့်ဆိုင်ရာ နည်းဥပဒေများကို ၂၀၁၄ ခုနှစ် နိုဝင်ဘာလ ၁၈ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပြီး နိုင်ငံခြားသား အမြဲ နေထိုင်ခွင့် ပြုရေးဆိုင်ရာ အကောင်အထည်ဖော်ရေး ဗဟို လုပ်ငန်းကော်မတီကို ၂၀၁၄ ခုနှစ် ဒီဇင်ဘာလ ၂၉ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.