Connect with us

Politics, Law & Military

လှေစီး သွားလာသူများအနက် ဘင်္ဂလား ဒေ့ရှ်ဘက်မှ စိစစ်ပြီး ပြန်လည် လက်ခံရန် အတည်ပြုထားသော ဘင်္ဂလားဒေ့ရှ် နိုင်ငံသားများ ပြန်လည် လွှဲပြောင်းရေး နှစ်ဖက်ညှိနှိုင်းလျက်ရှိ

တပ်မတော်ရေမှ ထိန်းသိမ်းရမိခဲ့သည့် ဘင်္ဂါလီလူမျိုးများအား တွေ့မြင်ရစဉ် (ဓာတ်ပုံ - မြဝတီ)

ရန်ကုန် ၊ ဇူလိုင် ၁၆ ရက် (ဆင်ဟွာ)

မြန်မာ ရေပိုင်နက်အတွင်း ကယ်ဆယ်ခဲ့ပြီး တောင်ပြို (လက်ဝဲ) စခန်း၌ ယာယီ ခိုလှုံခွင့် ပေးထားသော စိစစ်ပြီး ဖြစ်သည့် လှေစီးသွားလာသူ (၅၄၄) ဦး အနက် ဘင်္ဂလားဒေ့ရှ်ဘက်မှ စိစစ်ပြီး၊ ပြန်လည်လက်ခံရန် အတည်ပြုပြီး ဖြစ်သည့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသား စုစုပေါင်း (၁၆၅) ဦးကို ဇူလိုင်လ ၂၂ ရက်တွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်သို့ ပြန်လည် လွှဲပြောင်းရန် နှစ်ဖက် ညှိနှိုင်းလျက်ရှိကြောင်း သတင်းရရှိသည်။

မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့သည် အိမ်နီးချင်းကောင်း နိုင်ငံများ ဖြစ်သည်နှင့်အညီ လွှဲပြောင်းရန် ကျန်ရှိနေသော လှေစီး သွားလာသူများအပေါ် စိစစ်သည့် လုပ်ငန်းစဉ်အရ မူရင်းနေရပ်သို့ အမြန်ပြန်နိုင်ရန် ဆက်လက် ဆောင်ရွက် သွားမည်ဖြစ်ပြီး တောင်ပြို (လက်ဝဲ) တွင် ယာယီ ခိုလှုံခွင့် ပေးထားသူများကို လူသားချင်း စာနာ ထောက်ထားမှု အကူအညီများ ထောက်ပံ့ ပေးအပ်လျက် ရှိကြောင်း သိရသည်။

တပ်မတော် (ရေ) မှ မေလ ၂၁ ရက် နှင့် ၂၉ ရက်တို့တွင် မြန်မာ ရေပိုင်နက်အတွင်း ကယ်ဆယ်ခဲ့သည့် လှေစီး သွားလာသူများကို မူရင်း နေရပ်သို့ ပြန်လည် ပို့ဆောင်ရေး အတွက် ဘင်္ဂလားဒေ့ရှ် နိုင်ငံ၊ နိုင်ငံခြားရေး ဝန်ကြီးဌာနနှင့် ညှိနှိုင်း ဆောင်ရွက်ခဲ့ရာ ဇွန်လ အတွင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံသား စုစုပေါင်း (၁၈၇) ဦးကို ပြန်လည် ပို့ဆောင်ခဲ့ပြီး ဖြစ်သည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117