Connect with us

Politics, Law & Military

ပြည်ထောင်စုနယ်မြေ မဲဆန္ဒနယ်များမှ အနိုင်ရ ကိုယ်စားလှယ် လေးဦးအမည်စာရင်း UEC က စတင် ကြေညာ

နေပြည်တော် ဇမ္ဗူသီရိ မြို့နယ်ရှိ မဲရုံတစ်ခု၌ မဲများရေတွက်နေကြစဉ်( ဆင်ဟွာ)

နေပြည်တော်၊ နိုဝင်ဘာ ၁၀ ရက်(ဆင်ဟွာ) / သတင်း ရေးသားသူ – စိုးသန်းလင်း

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သည် ၂၀၂၀ ပြည့်နှစ် ၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပခဲ့သည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ၌ ပြည်ထောင်စု နယ်မြေ အတွင်းရှိ ရွေးကောက် တင်မြှောက်ခြင်းခံရသည့် လွှတ်တော် ကိုယ်စားလှယ် လေးဦး ၏ အမည်စာရင်းများကို ယနေ့ နေ့လယ်ပိုင်း၌ ထုတ်ပြန်ကြေညာခဲ့သည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီမှ ဦးမောင်မောင်ဆွေ နှင့် ဦးကျော်မြင့်ဦးတို့အား မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၁၂) နှင့် မဲဆန္ဒနယ် အမှတ်(၁၁) အတွက် အမျိုးသား လွှတ်တော်ကိုယ်စားလှယ်များ အဖြစ်လည်းကောင်း ၊ ဦးသန့်ဇင်ထွန်း နှင့် ဦးကျော်ထွေးတို့အား ဒက္ခိဏ သီရိမြို့နယ်နှင့် ဇမ္ဗူသီရိမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ အဖြစ် လည်းကောင်း ရွေးကောက် တင်မြှောက်ခံရကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

နေပြည်တော် ရှစ်မြို့နယ်အနက် ဇေယျာ သီရိမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် နေရာမှ လွဲ၍ ကျန်နေရာများတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က အနိုင်ရရှိထားကြောင်း ရွေးကောက်ပွဲကော်မရှင် ( UEC ) က မထုတ်ပြန်ရသေးမီ မြေပြင် သတင်းများ အရ သိရသည်။ (Xinhua)