Connect with us

Politics, Law & Military

အွန်လိုင်းမှ Viber ဖြင့်တိုင်ကြားသည့် ယာဉ်စည်းကမ်းချိုးဖောက်မှု ၁၆,၀၀၀ ကျော်အား အရေးယူပြီးဖြစ်

အမှတ်(၂)ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံး(ရန်ကုန်)မှ ထုတ်ပြန်ထားသည့် တိုင်ကြားနိုင်သည့်ဖုန်းနံပါတ်များအား တွေ့ရစဉ် (ဓာတ်ပုံ-- Yangon traffic Police)

ရန်ကုန်၊ စက်တင်ဘာ ၅ ရက် (ဆင်ဟွာ)

အမှတ်(၂)ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံး(ရန်ကုန်)မှ ယာဉ်စည်းကမ်းချိုးဖောက်သည့် အမှုများအား Online Complaint Centre သို့ Viber ဖြင့် တိုင်ကြားမှု အားလက်ခံပြီး သည့်နောက် စတင်အရေးယူသည့်နေ့၂၀၁၅ခုနှစ် သြဂုတ်လ ၁၂ရက်နေ့မှ ၂၀၁၇ ခုနှစ် သြဂုတ်လ ၃၁ ရက်နေ့ထိ အရေးယူမှု အမှုစာရင်း စုစုပေါင်း (၁၆,၆၀၀)ကျော် ရှိပြီဖြစ်ကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့ (ရန်ကုန်မှ) သတင်းထုတ်ပြန်သည်။

Online Complaint Centre (အွန်လိုင်းတိုင်ကြားမှုစင်တာ) သို့ Viber ဖုန်းနံပါတ်များသို့ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ဖေါက်ဖျက်ကျူးလွန်သည့်ယာဉ်များအား တိုင်တန်းမှုကို ထိရောက်စွာ အရေးယူဆောင်ရွက်ပေးလျက်ရှိကြောင်း၊ စတင်အရေးယူသည့်နေ့(၁၂.၈.၂၀၁၅)မှ (၃၁.၈.၂၀၁၇)ရက်နေ့ထိ အရေးယူမှု အမှုစာရင်းစုစုပေါင်း (၁၆,၆၀၀)ကျော်ရှိသည့်အနက် လာရောက်ဒဏ်ဆောင်ပြီးသော အမှုစာရင်း ( ၉၉၀၀)ကျော်ရှိပြီဖြစ်ကြောင်း သိရသည်။

Viber ဖုန်းနံပါတ်များသို့ ပေးပို့တိုင်တန်းမည်ဆိုပါက ပြစ်မှု ထင်ရှားသည့်/ ယာဉ်နံပါတ်ထင်ရှားသည့် မှတ်တမ်းဓါတ်ပုံ၊ နေ့ရက်၊ အချိန် ၊ နေရာနှင့်အတူ ပေးပို့တိုင်ကြားနိုင်ပါကြောင်း တိုင်ကြားနိုင်သည့် တယ်ဖီဖုန်းနံပါတ်များမှာ 09 777436232၊09 777436233၊ 09 777436234 ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.