Connect with us

Politics, Law & Military

မြန်မာနိုင်ငံ၌ ပထမဆုံး အဖြစ် အစိုးရနှင့် ပြည်သူ အကြား တိုက်ရိုက် ထိတွေ့ဆက်ဆံမှု ပေါင်းကူးပေးနိုင်မည့် ပွင့်လင်း လွှတ်တော် အစီအစဉ် website မကြာမီ လွှင့်တင်မည်

ပွင့်လင်း လွှတ်တော်၏ လူမှု ကွန်ရက် စာမျက်နှာအား တွေ့ရစဉ် (ဓာတ်ပုံ- Open Hluttaw)

ရန်ကုန် ၊ ဇွန် ၂၀ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ၌ ပထမဆုံး ဖြစ်လာမည့် အစိုးရနှင့် ပြည်သူအကြား ပွင့်လင်းမြင်သာမှု ၊ တာဝန်ခံမှု ရှိသည့် သတင်း အချက်အလက်နှင့် တိုက်ရိုက်ထိတွေ့ဆက်ဆံမှု ပေါင်းကူးနေရာ တည်ထောင်နိုင်ရေး အတွက် “ပွင့်လင်း လွှတ်တော် အစီအစဉ် – Open Hluttaw platform” အမည်ရှိသည့် website အား မကြာမီ လွှင့်တင်သွားမည် ဖြစ်ကြောင်း သိရသည်။

ယခုအခါတွင် “ပွင့်လင်းလွှတ်တော် – Open Hluttaw” ဟု အမည်ပေးထားသည့် အင်တာနက် ဝက်ဘ်ဆိုဒ် တစ်ခုကို တည်ဆောက် နေပြီး ကနဦးအဆင့်တွင် ယင်း ဝက်ဘ်ဆိုဒ်မှ ပြည်သူ့လွှတ်တော်နှင့် အမျိုးသား လွှတ်တော် ကိုယ်စားလှယ်များနှင့် ပတ်သက်သည့် သတင်းအချက် အလက်များကို ရယူ သိရှိနိုင်မည် ဖြစ်ကြောင်း ၊ လွှတ်တော် ကိုယ်စားလှယ်များ ကိုယ်စားပြုသည့် မဲဆန္ဒနယ်၊ အမည်၊ နိုင်ငံရေးပါတီ အလိုက် သာမက လွှတ်တော် အသီးသီးတွင် ၎င်းတို့ ကိုယ်စားပြုသည့် ကော်မတီအလိုက် လွယ်ကူစွာ ရှာဖွေနိုင်ရန် ပြုလုပ်ထားမည် ဖြစ်သည့် အပြင် ဝက်ဘ်ဆိုဒ်မှ တဆင့် ကိုယ်စားလှယ်များကို အီးမေးလ် လိပ်စာ၊ ဖုန်းနံပါတ် ၊ ဖေ့စ်ဘုတ် အကောင့် အစရှိသည့် နည်းလမ်းများဖြင့် တိုက်ရိုက် ဆက်သွယ်နိုင်စေမည် ဖြစ်ကြောင်း သိရသည်။
ပွင့်လင်းလွှတ်တော် အစီအစဉ်၏ ရည်ရွှယ်ချက်သည် မြန်မာ ပြည်သူ ပြည်သား များနှင့် ၎င်းတို့ကို ကိုယ်စားပြုသည့် မဏ္ဍိုင်အသီးသီးမှ ကိုယ်စားလှယ်များ ၊ တာဝန်ရှိသူများ အကြား မှန်ကန်သည့် သတင်းအချက်အလက်များ ဖလှယ်နိုင်ပြီး ပွင့်လင်း မြင်သာစွာ၊ တာဝန်ယူမှုရှိစွာ၊ စုစည်းမှုရှိစွာ၊ စည်းစနစ်ကျနစွာနှင့် တိုက်ရိုက်ထိတွေ့ ဆောင်ရွက်နိုင်ခြင်းဖြင့် အပြန်အလှန် တာဝန်ယူမှု ၊ တာဝန်ခံမှုကို အားပေး မြှင့်တင်နိုင်ရန် ဖြစ်ကြောင်း သိရသည်။
ယခုအစီအစဉ်ကို မြန်မာ့ပဉ္စမ မဏ္ဍိုင်အဖွဲ့နှင့် ပွင့်လင်းမြန်မာရှေ့ဆောင်အဖွဲ့တို့သည် မေလ အတွင်း၌ လူမှု အဖွဲ့အစည်း ၊ လူပုဂ္ဂိုလ် ၈ ဖွဲ့နှင့် ဆွေးနွေး၍ အခြေခံများ ဖော်ထုတ် ချမှတ်ခဲ့ပြီး အစီအစဉ်ကို အကောင်အထည် ဖော်မည့် ဦးဆောင်ကော်မတီကို ဖွဲ့စည်းဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.