Connect with us

Politics, Law & Military

အရွယ်မရောက်ကလေးများ စစ်မှုထမ်းရန် မှားယွင်း စုဆောင်းသော တပ်မတော်သား အရာရှိ/စစ်သည် ၃၈၂ ဦးကို စစ်စည်းကမ်းအရ အရေးယူ

အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီး ထိန်းသိမ်းရေး ကော်မတီ အစည်းအဝေး ကျင်းပစဉ် (ဓာတ်ပုံ-မြဝတီ)

ရန်ကုန်၊ ဇွန် ၂၁ ရက် (ဆင်ဟွာ)

အရွယ်မရောက် ကလေးသူငယ်များအား စစ်မှုထမ်းရန် စုဆောင်းမှုနည်းလမ်းမမှန်ဘဲ မှားယွင်း စုဆောင်းခဲ့သည့် တပ်မတော်သား အရာရှိ/စစ်သည် စုစုပေါင်း ၃၈၂ ဦးအား စစ်စည်းကမ်းအရ အရေးယူ ဆောင်ရွက်ခဲ့ကြောင်း အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီး ထိန်းသိမ်းရေး ကော်မတီအစည်းအဝေးထံမှ သိရသည်။

အဆိုပါ အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီး ထိန်းသိမ်းရေး ကော်မတီ ညှိနှိုင်းအစည်းအဝေးကို ကာကွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း အဖွင့်အမှာစကား ပြောကြားပြီး ကော်မတီ အတွင်းရေးမှူးနှင့် တွဲဖက် အတွင်းရေးမှူးတို့က ကော်မတီ စတင် ဖွဲ့စည်းချိန်မှ ယနေ့အချိန်ထိ ကုလသမဂ္ဂ လက်အောက်ခံ Country Task Force on Monitoring and Reporting (CTFMR) နှင့်ပူးပေါင်းပြီး လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်ခဲ့မှုများနှင့် ရှေ့ဆက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ဆွေးနွေး တင်ပြကြသည်။

ယင်း ကော်မတီအနေဖြင့် CTFMR နှင့် ပူးပေါင်း၍ တပ်ရင်း/တပ်ဖွဲ့ (၁၅၅) တပ်သို့ (Monitoring Visit) သွားရောက် စိစစ်နိုင်ခဲ့ပြီး လုပ်ငန်း စီမံချက် (Plan of Action) လက်မှတ်ရေးထိုးသည့် ၂၀၁၂ ခုနှစ် ဇွန်လ ၂၇ ရက်မှ ယနေ့အထိ တပ်မတော်အတွင်း အရွယ်မရောက်သေးသူ ၇၄၄ ဦးအား မိဘ အုပ်ထိန်းသူများထံသို့ ပြန်လည် ပေါင်းစည်း ပေးခဲ့စည်။

အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီး ထိန်းသိမ်းရေး ကော်မတီ နှင့် CTFMR တို့ ၂၀၁၂ ခုနှစ် ဇွန်လမှ ၂၀၁၆ ခုနှစ် မတ်လအထိ ညှိနှိုင်း အစည်းအဝေး (၄၂) ကြိမ် ကျင်းပနိုင်ခဲ့ပြီး တိုင်း၊ တပ်မ၊ တပ်ရင်း/တပ်ဖွဲ့များတွင် တပ်သားသစ် စုဆောင်းရေးနှင့် ပတ်သက်၍ အရွယ်မရောက်သေးသူများ ဝင်ရောက် တာဝန်ထမ်းဆောင်ခြင်း မရှိစေရေးအတွက် အသိပညာပေး ဟောပြော ပို့ချခြင်း၊ စစ်သား စုဆောင်းရေး တပ်များတွင် လစဉ်အသိပညာပေး သင်တန်းနှင့် စုဆောင်းရေး လုပ်ငန်းစဉ်များ ဟောပြော ပို့ချခြင်း၊ ပြည်သူလူထု အသိပညာပေးမှု အနေဖြင့် ပိုစတာ၊ လက်ကမ်းစာစောင်၊ ဘေလ်ဘုတ်၊ ရေဒီယို၊ ရုပ်သံ၊ သတင်းစာတို့မှလည်း အသိပညာပေး ဆောင်ရွက်လျက် ရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.