Politics, Law & Military
Y-8 လေယာဉ်၏ ကိုယ်ထည်အစိတ်အပိုင်းများ ထပ်မံတွေ့ရှိ

ရန်ကုန်၊ သြဂုတ် ၁၁ ရက် (ဆင်ဟွာ)
တပ်မတော်သယ်ယူပို့ဆောင်ရေး Y-8 လေယာဉ်၏ ကျန်ရှိသေးသည့် လေယာဉ်အစိတ် အပိုင်းများအား ထပ်မံရှာဖွေတွေ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။
အဆိုပါ ပျက်ကျလေယာဉ်ရှာဖွေရေးလုပ်ငန်းများကို တပ်မတော်(ရေ)မှ
စစ်ရေယာဉ်များနှင့် ဒေသခံငါးဖမ်းစက်လှေများပူးပေါင်းပြီး ရှာဖွေရေးလုပ်ငန်းများ လုပ်ဆောင်စဉ် ထပ်မံတွေ့ရှိကြောင်း သိရသည်။
Y-8 လေယာဉ်ရှာဖွေရေးလုပ်ငန်းများလုပ်ဆောင်လျက်ရှိစဉ် ဆိုနာစနစ်ဖြင့် ရှာဖွေရရှိသည့်ပုံရိပ်များအပေါ်မူတည်၍ လေယာဉ်အမြီးပိုင်းရှာဖွေတွေ့ရှိခဲ့သည့် နေရာအနီးတစ်ဝိုက်၌
ဒေသခံငါးဖမ်းစက်လှေနှစ်စင်းက ငါးဖမ်းပိုက်များဖြင့် တရွတ်ဆွဲရှာဖွေရာ ယနေ့ညနေပိုင်းတွင် လေယာဉ် ကိုယ်ထည်အစိတ်အပိုင်းများအား ထပ်မံရှာဖွေဆယ်ယူ
ရရှိခဲ့ကြောင်းသိရသည်။(Xinhua)