Connect with us

Science & Technology

မြန်မာနိုင်ငံတွင် ပထမဦးဆုံး ပြေးဆွဲမည့် လျှပ်စစ်ရထားများ အပြည်ပြည် ဆိုင်ရာ သီလဝါ ဆိပ်ကမ်းသို့ ရောက်ရှိ

အပြည်ပြည်ဆိုင်ရာ သီလဝါ ဆိပ်ကမ်းသို့ ရောက်ရှိလာသော လျှပ်စစ်ရထားတွဲများ (ဓာတ်ပုံ-MOI)

ရန်ကုန်၊ သြဂုတ် ၂၁ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံတွင် ပထမဦးဆုံး ပြေးဆွဲမည့် တင်ဒါစနစ်ဖြင့် ဝယ်ယူတင်သွင်း ထားသော လျှပ်စစ်ရထား (Tram Rail) ခုနစ်တွဲနှင့် ၊ RBE အဲယားကွန်း ရထား ခြောက်တွဲတို့ အပြည်ပြည်ဆိုင်ရာ သီလဝါ ဆိပ်ကမ်းသို့ ရောက်ရှိကြောင်း မြန်မာ့ မီးရထား တိုင်း အမှတ်(၇) မှ သတင်းရရှိသည်။

လျှပ်စစ်ရထား ပြေးဆွဲမှုနှင့် စပ်လျဉ်း၍ ဦးကျော်စိုးလင်း မန်နေဂျာ (သွားလာရေး/ တိုင်း) မြန်မာ့ မီးရထား တိုင်း အမှတ် (၇) က ”အခု ရောက်လာတဲ့ လျှပ်စစ်ရထား ခုနစ်တွဲကတော့ ကမ်းနားလမ်းပိုင်းမှာ ပြေးဆွဲ သွားမှာပါ။ ဘယ်အထိ ပြေးဆွဲမလဲ ဆိုတာနဲ့ ဘယ်ဘူတာတွေ ထားမလဲဆိုတာ ဒီအပတ် စနေ၊ တနင်္ဂနွေမှာ Survery လုပ်ဆောင်တော့မှာပါ။ ပြီးမှ ခရီးစဉ်ကို သတ်မှတ်မှာပါ’’ ဟုပြောသည်။

အဆိုပါ လျှပ်စစ် ရထားတွေကို ကြည့်မြင်တိုင်ကနေ ဗိုလ်တထောင် အထိပြေး ဆွဲမယ်လို့ မြန်မာ့ မီးရထားက အကြမ်းဖျင်း လျာထားကြောင်း၊ လောလောဆယ် ဒီကနေမှ တစ်ဆင့် ဝါးတန်းက ကုန်ရုံမှာ သယ်ယူသွားပြီး လျှပ်စစ်အပိုင်း များဆောင်ရွက်ဖို့ အတွက် ထားရှိ ဆောင်ရွက်မှာ ဖြစ်ကြောင်း ဆိုသည်။

လျှပ်စစ်ရထား ပြေးဆွဲဖို့က Standard Gate နဲ့ လာတာဖြစ်သည့် အတွက် လမ်းပိုင်းကိုလည်း Dual Gate ခင်းကျင်း ရပါမှာ ဖြစ်ကြောင်း၊ Standard Gate က တစ်မီတာကျော် သည့်အတွက် လမ်းပိုင်းတစ်ခုလုံး ပြေးဆွဲလို့ ရအောင် မူလရှိနေတဲ့ သံလမ်းနဲ့ နှစ်ထပ်လုပ် ထားရကြောင်း သိရသည်။

“သံလမ်းက သုံးကြောင်း ဖြစ်သွားတဲ့ သဘောပါ။ လက်ရှိ သံလမ်းပိုင်း လုပ်ဆောင်နေတာလည်း တော်တော် ပြီးနေပါပြီ။ ၇၅ ရာခိုင်နှုန်းလောက် ရှိနေ ပါပြီ။ ပြေးဆွဲဖို့ ခန့်မှန်းထားတာ ကတော့ အောက်တို ဘာလ လောက်လို့ ခန့်မှန်းထားပါတယ်။ သုံးတွဲ နှစ်ဆိုင်းဖြစ်မလား။ ဒါမှ မဟုတ် ခြောက်တွဲ စလုံးကို တွဲဆိုင်း တစ်ဆိုင်းတည်း ဖြစ်မလား မသိသေးပါ ဘူး။ ခရီးသည်Demand အပေါ်မှာလည်း မူတည်နေလို့ပါ”ဟု ဦးကျော်စိုးလင်းကပြောသည်။

ရထားဘီးသည် ၁,ဝ၆၇ စင်တီမီတာ ရှိသည့်အတွက် ဒီမှာရှိသည့် သံလမ်းနှင့် အဆင်ပြေအောင် ၆၇ စင်တီမီတာ ပြန်ကျဉ်းပေးရမည် ဖြစ်ကြောင်း၊ မြှင့်ပြီးသည့် ဘိုကီ တွေကို ဒီဆိပ်ကမ်းကို ပြန်သယ်လာပြီး ဘိုကီ ပြန်ချိန်းရမည် ဖြစ်ကြောင်း၊ ဘိုကီ ချိန်းပြီးတော့မှ RBE စက်ရုံကို ပို့ပြီး အင်ဂျင်တွေ ပြန်ကိုင်ပြီး၊ ဆေးမှုတ်၊ စစ်ဆေးမှုတွေ လုပ်ဆောင်သွားမည်ဟု ပြန်ကြားရေးဝန် ကြီးဌာနမှ သတင်း ထုတ်ပြန်သည်။

အဆိုပါ RBE အဲယားကွန်း ရထားများအားRBE အကြီးတန်း ပြင်စက်ရုံမှ ဝန်ထမ်း အင်အား ၆ဝ ဖြင့် ပြုပြင် ဆောင်ရွက်သွားမည် ဖြစ်ပြီး လက်ရှိ မြန်မာ့မီးရထားတွင် အရန်ထားရှိမည့်RBE အဲကွန်းရထား နှစ်စီးအား ပြုပြင်လျက် ရှိသည်။ ရန်ကုန်မြို့၏ ယာဉ်ကြောကျပ်တည်း မှု ပြဿနာအား မြန်မာ့ မီးရထားမှ ဖြေရှင်း ဆောင်ရွက်ရ ခြင်းဖြစ်ကြောင်း၊ ယင်းကဲ့သို့သော လျှပ်စစ်ရထား (Tram Rail) ပြေးဆွဲခြင်းဖြင့် ရထားစီး ခရီးသည်များ အတွက် အထောက်အကူ ဖြစ်လာနိုင်စရာ ရှိကြောင်း သိရသည်။

ထို့အပြင် JICA နှင့် ပူးပေါင်း၍ ရေရှည်Urban Transport စီမံကိန်းအရ ရန်ကုန်မြို့ပတ် လမ်းပိုင်းအား အဆင့်မြှင့်တင်ခြင်းနှင့် လမ်းပိုင်းများ တိုးချဲ့ခြင်း စီမံကိန်း များလည်း ရှိကြောင်း မြန်မာ့မီးရထားမှ သိရသည်။ (Xinhua)