Connect with us

Science & Technology

သဘာဝ ဘေးအန္တရာယ် ကျရောက်နေသည့် ဒေသများတွင် MECTel မှ အခမဲ့ ဖုန်းခေါ်ဆိုနိုင်ရန် ဝန်ဆောင်မှုပေး

MECTel အမွတ္တံဆိပ္ (ဓာတ္ပံု- MECTel Facebook)

ရန်ကုန်၊ သြဂုတ် ၁၈ ရက် (ဆင်ဟွာ)

သဘာဝ ဘေးအန္တရာယ် ကျရောက်သည့် ဟားခါးမြို့နယ်၊ ကလေးမြို့နယ်၊ အင်္ဂပူမြို့နယ်၊ ဟင်္သာတမြို့နယ်၊ သာပေါင်းမြို့နယ်နှင့် ညောင်တုန်း မြို့နယ်များတွင် ကူညီ ကယ်ဆယ်ရေး လုပ်ငန်းများနှင့် အထောက်အကူပြု လုပ်ငန်းများအား အရှိန်အဟုန်မပျက် ဆောင်ရွက် နိုင်ရန်အတွက် MECTel မှ သြဂုတ်လ ၁၈ ရက်မှစ တင်၍ MECTel ဖုန်းအချင်းချင်း ဖုန်းခေါ်ဆိုခ အခမဲ့ ဝန်ဆောင်မှု ပေးနေပြီ ဖြစ်ကြောင်း MECTel Facebook စာမျက်နှာတွင် ယနေ့ သတင်း ထုတ်ပြန်သည်။

၎င်းအပြင် MECTel မှ သုံးစွဲသူ မိဘ ပြည်သူများ၏ စေတနာကို တုံ့ပြန်သော အားဖြင့် သြဂုတ်လ ၁၈ ရက်မှ စတင်၍ “ ရွှေမေတ္တာ အစီအစဉ် ” (SHWE MYITTA Package) ကို Silver, Gold, Diamond Package များ အထူး ဝန်ဆောင်မှု ပေးထားကြောင်း သိရှိရသည်။

အဆိုပါ အထူးဝန်ဆောင်မှု၌ Diamond Package တွင် ဖုန်းခေါ်ဆိုခအား တစ်မိနစ်လျှင်၂၀ ကျပ်နှုန်း ၊ Internet သုံးစွဲခအား 1 MB လျှင် ၄ ကျပ်နှုန်းဖြင့် လည်းကောင်း၊ Gold Package တွင် ဖုန်းခေါ်ဆိုခအား တစ်မိနစ်လျှင် ၂၁ ကျပ်နှုန်း၊ Internet သုံးစွဲခအား 1 MB လျှင် ၅ ကျပ်နှုန်းဖြင့် လည်းကောင်း၊ Silver Package တွင် ဖုန်းခေါ် ဆိုခအား တစ်မိနစ်လျှင် ၂၂ ကျပ်နှုန်း၊ Internet သုံးစွဲခအား 1 MB လျှင် ၆ ကျပ် နှုန်းဖြင့် လည်းကောင်း ဝန်ဆောင်မှု ပေးနေကြောင်း သိရှိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117