Connect with us

Science & Technology

ခရက်ဒစ်ကတ်ဖြင့် ငွေပေးချေစနစ်အား မြန်မာနိုင်ငံတွင် ဖေဖော်ဝါရီလတွင် စတင်အသုံးပြုနိုင်ရန် ဧရာဝတီဘဏ် စီစဉ်လျက်ရှိ

ဧရာဝတီဘဏ်ရဲ့ MPU Credit ကတ်အား တွေ့ရစဉ် (ဓာတ်ပုံ-MOI)

ရန်ကုန်၊ ဇန်နဝါရီ ၁၁ ရက် (ဆင်ဟွာ)

နိုင်ငံတကာတွင် အသုံးပြုနေသော Credit ကတ်ဖြင့် ငွေပေးချေနိုင်သော စနစ်ကို မြန်မာနိုင်ငံတွင် ဖေဖော်ဝါရီလမှစ၍ အသုံးပြုနိုင်ရန် စီစဉ်လျက်ရှိသည်ဟု ဧရာဝတီဘဏ်မှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

Credit ကတ်ဆိုသည်မှာ ကြိုတင်သတ်မှတ်ထားသော ငွေပမာဏကို သတ်မှတ် ထားသော အတိုးနှုန်းဖြင့် ချေးယူအသုံးပြုနိုင်သော ကတ်အမျိုးအစားဖြစ် ပြီး ယင်းကတ်ဖြင့် ဟိုတယ်များ၊ စားသောက်ဆိုင်များ၊ ခရီးသွားလုပ်ငန်းများ၊ စိန်ရွှေရတနာဆိုင်များ၊ အမှတ် တရပစ္စည်းအရောင်းဆိုင်များ အစရှိသော စီးပွားရေးလုပ်ငန်းများတွင် ငွေသားကိုင် ဆောင်စရာမလိုဘဲ ပေးချေနိုင်ကြောင်း သိရသည်။

ဧရာဝတီဘဏ်မှ တာဝန်ရှိသူတစ်ဦးက “ဒီကတ်ကို ထုတ်ဖြစ်တာက မြန်မာလူမျိုးတွေရဲ့ ဘဝနေထိုင်မှု ပုံစံကို ချိန်း ပေးချင်တာပါ။ ကတ်နဲ့ငွေပေးချေတဲ့ စနစ်ဆိုတာ နိုင်ငံတကာမှာ တွင်တွင်ကျယ်ကျယ်ကို အသုံးပြုနေကြတာလေ။ အခုကတ် ကတော့ ပြည်တွင်း မှာပဲ အသုံးပြုနိုင်တာပေါ့။ ဒါကပထမခြေ လှမ်းပါ။ နောက်ကျရင် ပြည်ပ ထိပါ သယ်သွားလို့ရတဲ့ ကတ်ကိုလည်း ထုတ်သွားဖို့ရှိပါတယ်။’’ ဟု ပြောသည်။
ဧရာဝတီဘဏ်ရဲ့ MPU Credit ကတ်အား အခမဲ့လျှောက်ထားနိုင်ကြောင်း၊ ကတ်အခိုးခံရပြီဆိုလျှင် ဝ၉-၄၂ဝဝ၅၅၅၈၂ကို ချက်ချင်းဆက်သွယ် အကြောင်းကြားနိုင်ကြောင်း၊ နီးစပ်ရာ ဧရာဝတီဘဏ်ခွဲများသို့ အကြောင်းကြားနိုင်ပြီး ကတ်အသစ်ပြန်လျှောက် မည်ဆိုပါက ငွေကျပ် ၃ဝ,ဝဝဝ ကျသင့်ပြီး လျှို့ဝှက်နံပါတ်ပြောင်းမည်ဆိုပါက ငွေကျပ် ၁ဝ,ဝဝဝ ကျခံရမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.