Connect with us

Science & Technology

မြန်မာနိုင်ငံ တစ်ဝန်းလုံး၌ ကွန်ပျူတာသုံး မြန်မာစာစံစနစ် အသုံးပြုနိုင်ရန် ၂ဝ၁၆ ခုနှစ် သြဂုတ် ၁ ရက်မှစတင်၍ စမ်းသပ် ဆောင်ရွက်မည်

ကွန်ပျူတာအသင်းချုပ်၏ မြန်မာစာ စံစနစ် ပုံစံကိုတွေ့ရစဉ် (ဓာတ်ပုံ-မြဝတီ)

ရန်ကုန်၊ဇန်နဝါရီ ၁၄ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ တစ်ဝန်းလုံး၌ ကွန်ပျူတာသုံး မြန်မာစာ စံစနစ် အသုံးပြုနိုင်ရန် ၂ဝ၁၆ ခုနှစ် သြဂုတ် ၁ ရက်မှစတင်၍ စမ်းသပ် ဆောင်ရွက်မည် ဖြစ်ကြောင်း ကွန်ပျူတာအသင်းချုပ် အထွေထွေ အတွင်းရေးမှူး ဦးဇော်မင်းဦးက ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမ၌ ပြုလုပ်သည့် ကွန်ပျူတာသုံး မြန်မာစာစံစနစ် ဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲတွင်ပြောသည်။

ရလဒ်ကို ပညာရေးဝန်ကြီးဌာန မြန်မာစာအဖွဲ့မှ တစ်ဆင့် အစိုးရသို့ တင်ပြကာ အစိုးရ သဘောတူညီမှု ရရှိပါက၂ဝ၁၇ခုနှစ် ဇန်နဝါရီ ၁ ရက်တွင် တစ်နိုင်ငံလုံး၌ စတင်အသုံးပြုမည်ဖြစ်ကြောင်း ဦးဇော်မင်းဦးက ဆိုသည်။

ကမ္ဘာပေါ်ရှိ နိုင်ငံအားလုံးတွင် Unicode စနစ်ကို ကျင့်သုံးလျက်ရှိပြီး မြန်မာနိုင်ငံ တစ်နိုင်ငံထဲ၌သာ လက်တွေ့ အကောင်အထည် ဖော်သည့် နည်းလမ်းများ ကွာခြားမှုကြောင့် Unicode စနစ်များ ကွဲပြားနေခြင်း ဖြစ်ကြောင်း၊ မြန်မာ Unicode စနစ်သည် အပြည်ပြည်ဆိုင်ရာ စံသတ်မှတ်ရေး အဖွဲ့၏ ISO 10646 လက်မှတ်ကို ၁၉၉၈ ခုနှစ် ကတည်းက ရရှိထားပြီး အဆိုပါ Unicode စနစ်တွင် မြန်မာဘာသာ စကားသာမက တိုင်းရင်းသား ဘာသာစကားများ အတွက် ပါလက်ခံရရှိပြီး ဖြစ်ကြောင်း သိရသည်။

လက်ရှိကာလတွင် Microsoft, Google, Apple, Facebook နည်းပညာ ကုမ္ပဏီကြီး များသည် အပြည်ပြည် ဆိုင်ရာ စံသတ်မှတ်ချက် ဖြစ်သည့် မြန်မာ Unicode စနစ်ကို ထည့်သွင်း ထုတ်လုပ် ပေးလျက်ရှိရာ Unicode စနစ်နှင့် ကွဲပြားနေသော မြန်မာဖောင့် များ ဖြင့်ဖတ် လျှင် မြန်မာစာလုံး အဝိုင်း ပုံသဏ္ဌာန် များကို မမြင်ရဘဲ လေးထောင့်ကွက် များကိုသာ မကြာခဏ မြင်တွေ့ရခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။

လက်ရှိတွင် မြန်မာနိုင်ငံ၌ Computer ၊ Tablet နှင့် Smart Phone သုံးစွဲသူအများစု သည် မြန်မာဘာသာအား စနစ်မဟုတ် သော Font သုံးစွဲကြသဖြင့် လတ်တလောတွင် အသုံးပြုနိုင် သော်လည်း ကမ္ဘာသုံး Unicode စနစ်မဟုတ်သည့် အတွက် အဆင် မပြေမှုများ ရှိလာမည် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ လူမှုစီးပွား တိုးတက်ရေး အတွက် ICT နည်းပညာ ဖွံ့ဖြိုး တိုးတက်ရေးတွင် Computer, Tablet နှင့် Mobile Phone များ၏ Software များ Application များအား Location ပြုလုပ်ခြင်းနှင့် တီထွင် တိုးတက်မှုများကို နေရာဒေသမရွေး ရရှိနိုင်ရန် Application Developer များအနေဖြင့် Unicode စနစ်ကို လိုက်နာ အကောင်အထည် ဖော်ကြရန်နှင့် သုံးစွဲသူများ အနေဖြင့်လည်း Standard Font များအား ပြောင်းလဲအသုံးပြုရန် လိုအပ်သော နည်းပညာ ပံ့ပိုးမှုများကို မြန်မာနိုင်ငံ ကွန်ပျူတာ အသင်းချုပ်မှ ပံ့ပိုးကူညီ ပေးသွားမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.