Connect with us

Science & Technology

မြန်မာနိုင်ငံပထမဆုံး ဘူမိသိပ္ပံအသင်းအဆောက်အအုံ မတ်လတွင် စတင်တည်ဆောက်မည်

ဘူမိသိပ္ပံအသင်း၏ ပုံစံငယ်အားတွေ့မြင်ရစဉ် (ဓါတ်ပုံ- M.O.I)

ရန်ကုန်၊ဇန်နဝါရီ၁၀ရက်(ဆင်ဟွာ)

မြန်မာနိုင်ငံတွင် ငွေကျပ်သိန်းပေါင်း ၇ဝဝဝ နီးပါးကုန်ကျခံ၍ ပထမဦးဆုံး ဆောက်လုပ်မည့် ဘူမိသိပ္ပံအသင်း အဆောက်အအုံသစ်ကို လာမည့် ၂၀၁၆ မတ်လ၌ စတင် ဆောက်လုပ်မည်ဖြစ်ကြောင်း ဘူမိသိပ္ပံ အသင်း အဆောက်အအုံ ဖြစ်မြောက်ရေး ကော်မတီမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

အဆိုပါ ဘူမိသိပ္ပံအသင်း အဆောက်အအုံသစ်ကို ဒဂုံမြို့သစ် မြောက်ပိုင်းမြို့ နယ်ရှိ ဘုရင့်နောင်လမ်း နှင့် အောင်ချမ်းသာလမ်းထောင့်ရှိ ပေ ၆ဝ နှင့် ပေ ၈ဝ မြေကွက်ပေါ်၌ ဆောက်လုပ်သွားမည်ဖြစ်ပြီး အဆိုပါ မြေကွက်မှာ ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီမှ စီစဉ်ပေး သောမြေကွက်ဖြစ် ကာ ဘူမိ သိပ္ပံအသင်းအတွက် အတည်တကျ အဆောက်အအုံနှင့် မြေနေရာ ရရှိ လာခဲ့ခြင်းလည်းဖြစ်ကြောင်းသိရသည်။

ဘူမိသိပ္ပံအသင်း အဆောက် အအုံသစ်အား အထပ်မြင့် ခြောက်ထပ် ပါဝင်သော အဆောက်အအုံအဖြစ် ဆောက်လုပ်သွားမည်ဖြစ်ပြီး စာကြည့် တိုက်၊ ပြတိုက်၊ အစည်း အဝေးခန်းမ၊ သင်တန်းခန်းမစသည့် အခန်းများ ပါဝင်မည်ဖြစ်သည်။ ဘူမိဗေဒဘာသာရပ်နှင့် သက်ဆိုင်သည့် လှုပ်ရှားမှု များနှင့် သင်တန်းများ ဆောင်ရွက်ရန် ရည်ရွယ်ထားသောကြောင့် ဘာသာ ရပ်ဆိုင်ရာဖွံ့ဖြိုး တိုးတက်ရေးနှင့် နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်လာ မည်ဖြစ်ကြောင်း ဘူမိသိပ္ပံ အသင်း အဆောက်အအုံ ဖြစ်မြောက်ရေး ကော်မတီမှ သိရသည်။

ဘူမိသိပ္ပံအသင်းကို ပြီးခဲ့သည့် ၂ဝဝ၃ ခုနှစ်က တရားဝင်တည်ထောင် ခဲ့ခြင်းဖြစ်ပြီး ဘာသာရပ်ဆိုင်ရာနှင့် လူမှုရေးဆိုင်ရာလုပ်ငန်းများကို လုပ်ဆောင်နေသော်လည်း အသင်း အဆောက်အအုံနှင့် အသင်း တည်နေရာကို အခြေအနေအလိုက် ပြောင်းရွှေ့နေခဲ့ရကြောင်း၊ လက်ရှိ ဘူမိသိပ္ပံအသင်းကို မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်း အဆောက် အအုံနေရာ၌ ရုံးခန်းနေရာ ငှားရမ်း ဖွင့်လှစ်ထားရှိခဲ့ရာမှ ယခုအခါ ကိုယ်ပိုင် အသင်း အဆောက်အအုံ ဆောက်လုပ်တော့မည်ဖြစ်ကြောင်း၊ ထို့အပြင် မြန်မာနိုင်ငံတွင် ပထမဦး ဆုံးဆောက်လုပ်မည့် ဘူမိသိပ္ပံအသင်း အဆောက်အအုံသစ်ကို လာမည့် မတ်လမှစတင်၍ တစ်နှစ်ခွဲအတွင်း အပြီးဆောက်လုပ်သွား မည်ဖြစ်ကြောင်း ဘူမိသိပ္ပံအသင်း အဆောက်အအုံဖြစ်မြောက်ရေး ကော်မတီမှ တာဝန်ရှိသူတစ်ဦးကပြောသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.