Connect with us

Science & Technology

ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းများဆောင်ရွက်ပေးရာတွင်ယူနီကုဒ်စနစ်နှင့်ကိုက်ညီသည့် မြန်မာစာစနစ် အသုံးပြုသွားနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ယူနီကုဒ်စနစ်နှင့်ကိုက်ညီသည့် မြန်မာစာစနစ် အသုံးပြုသွားနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပစဉ် (ဓာတ်ပုံ--ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေးဝန်ကြီးဌာန)

ရန်ကုန်၊ ဖေဖော်ဝါရီ ၅ ရက် (ဆင်ဟွာ)

ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းများဆောင်ရွက်ပေးရာတွင် နိုင်ငံတကာစံသတ်မှတ်ချက်များနှင့်အညီ ယူနီကုဒ်စနစ်နှင့်ကိုက်ညီသည့် မြန်မာစာစနစ် အသုံးပြုသွားနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပခဲ့ကြောင်း ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန မှ သတင်းထုတ်ပြန်သည်။

ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနသည် ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်ရာတွင် မိုဘိုင်းဆက်သွယ်ရေးအော်ပရေတာများနှင့် ပြည်ပမှ မိုဘိုင်းဟန်းဆက်များ တင်သွင်းသည့် ပြည်တွင်းကုမ္ပဏီအဖွဲ့အစည်းများအနေဖြင့် နိုင်ငံတကာ စံသတ်မှတ်ချက်များနှင့်အညီ ယူနီကုဒ်စနစ်နှင့်ကိုက်ညီသည့် မြန်မာစာစနစ် အသုံးပြုသွားနိုင်ရေးနှင့်စပ်လျဉ်း၍ ဒုတိယအကြိမ် အစည်းအဝေးအား ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၊ ရုံးအမှတ်(၂) နေပြည်တော်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အစည်းအဝေးတွင် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးစိုးသိန်းမှ နိုင်ငံတော်၏ အကောင်အထည်ဖော် ဆောင်ရွက်နေသည့် e-Government လုပ်ငန်းစဉ်များ အောင်မြင်စွာ ဖြစ်ထွန်းပေါ်ပေါက်နိုင်စေရေးအတွက် အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ Digitalization ပြုလုပ်ခြင်းသည် e-Government လုပ်ငန်းစဉ်များတွင် အရေးကြီးသော လုပ်ငန်းတစ်ရပ်ဖြစ်သည်နှင့်အညီ ထိုသို့ဆောင်ရွက်ရာတွင် မြန်မာစာရေးထုံးနှင့် ကိုက်ညီပြီး နိုင်ငံတကာက လက်ခံသုံးစွဲလျက်ရှိသည့် ယူနီကုဒ်စံစနစ်များနှင့်ကိုက်ညီရန် လိုအပ်သလို တိုင်းရင်းသားဘာသာစကား သုံးစွဲမှုများအတွက်လည်း အဆင်ပြေချောမွေ့စေရန် လိုအပ်ပါကြောင်း၊ သို့မှသာ စာလုံးရှာဖွေမှု (Searching)၊ ရှေ့နောက်ကြီးငယ် ရွေးချယ်စီစဉ်မှု (Sorting)၊ တွက်ချက်မှု (Manipulation)၊ သိမ်းဆည်းမှု (Storage)နှင့် ဘာသာပြန်ဆိုမှု (Translation) အစရှိသည့် လုပ်ငန်းစဉ်များတွင် အဆင်ပြေချောမွေ့စွာ ဆောင်ရွက်သွားနိုင်မည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

ယင်းအပြင် နိုင်ငံတော်အစိုးရယန္တရားတွင်ပါဝင်သော ဌာနဆိုင်ရာအဖွဲ့အစည်းများ အနေနှင့်လည်း ယူနီကုဒ်စနစ်ကို လိုက်နာရေးသားထားသည့် “ကွန်ပျူတာသုံး မြန်မာစာ စံ စနစ်” အား တစ်ပြေးညီသုံးစွဲသွားနိုင်ရန် နိုင်ငံတော်မှ ညွှန်ကြားချက်ထားရှိပြီးဖြစ်ပါကြောင်း နှင့် ဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် ၂၀၁၉ခုနှစ်၊ အောက်တိုဘာလ (၁) ရက်နေ့မှစတင်၍ မြန်မာတစ်နိုင်ငံလုံးတွင် Mobile Industries ကဏ္ဍမှတစ်ဆင့် အသုံးပြု သွားရန် စီမံချက်များ ချမှတ်ပြီး အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါသဖြင့် မိုဘိုင်း ဆက်သွယ်ရေးအော်ပရေတာများအနေဖြင့် ယူနီကုဒ်စနစ်သုံး မြန်မာစာစနစ် မဖြစ်မနေ ပြောင်းလဲအသုံးပြုသွားနိုင်ရေး လိုအပ်သည်များ ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိ သွားကြရန် နှင့် ပြည်ပမှ မိုဘိုင်းဟန်းဆက်များတင်သွင်းသည့် ပြည်တွင်းကုမ္ပဏီ အဖွဲ့အစည်းများအနေဖြင့်လည်း ယူနီကုဒ်စနစ်သုံး မြန်မာစာစနစ်ပါဝင်သည့် မိုဘိုင်းဟန်းဆက်များကိုသာ တင်သွင်းသွားရန် တိုက်တွန်းဆွေးနွေးခဲ့ကြောင်း သိရသည်။

ဆက်လက်၍ မိုဘိုင်းဆက်သွယ်ရေးအော်ပရေတာများနှင့် ပြည်ပမှ မိုဘိုင်းဟန်းဆက်များ တင်သွင်းသည့် ပြည်တွင်းကုမ္ပဏီအဖွဲ့အစည်းများမှ Mobile Industries ကဏ္ဍမှတစ်ဆင့် နိုင်ငံ တကာစံ သတ်မှတ်ချက်များနှင့်အညီ ယူနီကုဒ်စနစ်နှင့်ကိုက်ညီသည့် မြန်မာစာစနစ် အသုံးပြုသွားနိုင်ရေး ပြောင်းလဲဖော်ဆောင်မှုအပေါ် လိုက်ပါဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းနှင့် သိလိုသည်များ ပြန်လည်ဆွေးနွေးခဲ့ကြကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။

အစည်းအဝေးသို့ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးစိုးသိန်း၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနအောက်ရှိ အရင်းအမြစ်စီမံခန့်ခွဲရေးဌာန၊ လိုင်စင်နှင့်စစ်ဆေးရေးဌာနမှ ညွှန်ကြားရေးမှူးများ၊ တာဝန်ရှိပုဂ္ဂိုလ်များ၊ မိုဘိုင်းဆက်သွယ်ရေး အော်ပရေတာများနှင့် ပြည်ပမှ မိုဘိုင်းဟန်းဆက်တင်သွင်းသည့် ပြည်တွင်း ကုမ္ပဏီအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ဆွေးနွေးခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.