Connect with us

Science & Technology

ဆဋ္ဌမအကြိမ်မြောက် နိုင်ငံတကာနည်းပညာပြပွဲကျင်းပ


ရန်ကုန်၊ ဇန်နဝါရီ ၂၇ ရက် (ဆင်ဟွာ)

ဆဋ္ဌမအကြိမ်မြောက် နိုင်ငံတကာနည်းပညာပြပွဲ (6th International Technology & Machinery Show 2019 Ygn) ကို ရန်ကုန်မြို့၊ တပ်မတော်ခန်းမ တွင် ယနေ့ စတင်ကျင်းပသည်။

ဆဋ္ဌမအကြိမ်မြောက် နိုင်ငံတကာနည်းပညာပြပွဲ တွင် ကုမ္ပဏီစုစုပေါင်း ၄၀ကျော် မှ အခန်းပေါင်း ၁၀၀ ကျော်ပါဝင်ပြသခဲ့ကြောင်း သိရသည်။ ယခုပွဲတွင် နိုင်ငံတကာမှ နည်းပညာ နှင့် စက်မှုကုမ္ပဏီကြီးများမှ ထုတ်ကုန်များ နှင့်အတူ စက်မှုဝန်ကြီးဌာနရှိ ဌာနများမှ အကြီးစားစက်မှုလုပ်ငန်း ၁၊၂၊၃ နှင့် မြန်မာ့ဆေးဝါး လုပ်ငန်းများကိုလည်း ခင်းကျင်းပြသထားသည်။

ဆဋ္ဌမအကြိမ်မြောက် နိုင်ငံတကာနည်းပညာပြပွဲကျင်းပစဉ် (ဆင်ဟွာ)

၎င်းပွဲကို အစိုးရ နှင့် ပုဂ္ဂလိက လုပ်ငန်းများ အပြန်အလှန်ချိတ်ဆက်ပူးပေါင်းမှုများရရှိပြီး အဆင့်မြင့်နည်းပညာများ၊ စက်ပစ္စည်းများ ကို ပိုမိုတွင်ကျယ်စွာ အသုံးပြုလာနိုင်စေရန် ရည်ရွယ်၍ ကျင်းပခြင်း ဖြစ်ကြောင်း သိရသည်။

ပြပွဲတွင် စက်ပစ္စည်းများ နှင့် နည်းပညာအသစ်များ ကိုတီထွင်ဖန်တီးနိုင်သော လူငယ်များအတွက် Inventor Award Competition (ကနောင်ဆု) ပြိုင်ပွဲကိုလည်း ထည့်သွင်းကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ဆဋ္ဌမအကြိမ်မြောက် နိုင်ငံတကာနည်းပညာပြပွဲ ကို ဇန်နဝါရီလ ၂၇ ရက်မှ ၂၉ ရက်နေ့ အထိ ၃ ရက်ကြာကျင်းပမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.