Connect with us

Science & Technology

ရန်ကုန်လေဆိပ်သို့ အိန္ဒိယလေယာဉ် ၁ စီး အရေးပေါ်ဆင်းသက်မှုဖြစ်ပွား

အိန္ဒိယနိုင်ငံ INDIGO လေကြောင်းလိုင်း လေယာဉ်တစ်စီးအားတွေ့ရစဉ် (ဓာတ်ပုံ--အင်တာနက်)

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၃ ရက် (ဆင်ဟွာ)

ရန်ကုန်လေဆိပ်သို့ အိန္ဒိယလေယာဉ် ၁ စီး အရေးပေါ်ဆင်းသက်မှုဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ ယနေ့သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ ၂၀၁၉ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ၁၅း၂၅နာရီ ၊ အိန္ဒိယနိုင်ငံ INDIGO လေကြောင်းလိုင်း လေယာဉ်အမှတ် VT-IHX လေယာဉ်အမျိုးအစား A-320 သည် Capt.Kadappa Jayakrishnan ပါ လေယာဉ်အမှုထမ်း ၆ ဦး ခရီးသည် ၁၂၉ ဦး(ကျား ၁၀၀၊ မ ၂၈၊ ရင်ခွင်ပိုက် ၁)ဖြင့် အိန္ဒိယနိုင်ငံ Bengaluru လေဆိပ်မှ ထိုင်းနိုင်ငံ ဘန်ကောက်လေဆိပ်သို့ ပျံသန်းစဉ် လေယာဉ်၏ ယာဘက်အင်ဂျင် ချို့ယွင်းမှုကြောင့် ရန်ကုန် လေဆိပ်သို့ အရေးပေါ်ဆင်းသက်ခဲ့ပြီး ၁၅း၅၀နာရီ တွင် ခရီးသည်များအား Terminal-1 ပြည်ပထွက်ခွာဆောင်သို့ ပို့ဆောင်ထားကြောင်းနှင့် ၁၆း၁၀ နာရီ မှ ၁၉း၀၅ နာရီအထိ အဆိုပါလေယာဉ်အား မြန်မာ့လေကြောင်း အင်ဂျင်နီယာ ၃ ဦးမှ စစ်ဆေးခဲ့ကြောင်းသိရသည်။

၁၉း၂၅ နာရီ တွင် အဆိုပါခရီးသည် ၁၂၉ ဦးအနက် ၅၉ ဦး(ကျား ၄၅၊ မ ၁၃၊ ရင်ခွင်ပိုက် ၁)အား MNA လေကြောင်း လိုင်းဖြင့် ရန်ကုန်လေဆိပ်မှ ထိုင်းနိုင်ငံ သုဝဏ္ဏဘူမိလေဆိပ်သို့ တင်ပို့ပေးခဲ့ပြီး ကျန်ခရီးသည် ၇၀ ဦး အား အခြားလေကြောင်းခရီးစဉ်ဖြင့် ပို့ဆောင်ရန်စီစဉ်ထားရှိကြောင်းနှင့် ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် အဆိုပါလေယာဉ်အား ဆက်လက်ပြင်ဆင်မည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.