Connect with us

Science & Technology

မြန်မာနိုင်ငံရှိ အထည်ချုပ် ပို့ကုန်များကို ဈေးကွက်တိုးချဲ့ တင်ပို့နိုင်ရန် စီစဉ်လျက် ရှိ

အထည်ချုပ်စက်ရုံတစ်ခုအား တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဇူလိုင် ၁၂ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံရှိ လက်ခစားစနစ် (CMP) အထည်ချုပ် ပို့ကုန်များကို အမေရိကန်၊ ကနေဒါ နှင့် ရုရှားနိုင်ငံ အထိ ဈေးကွက်တိုးချဲ့ တင်ပို့နိုင်ရန် စီစဉ်လျက် ရှိကြောင်း မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များ အသင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

အဆိုပါ အထည်ချုပ် လုပ်ငန်းများမှာ တစ်နိုင်ငံလုံး အတိုင်းအတာအရ တိုးတက်လျက် ရှိပြီး ပြည်ပသို့ တင်ပို့ရာတွင် ဈေးကွက် ချဲ့ထွင်နိုင်ရန် ဆောင်ရွက်လာခြင်း ဖြစ်ကြောင်း၊ မြန်မာနိုင်ငံမှ အထည်ချုပ် အော်ဒါ မှာယူမှုတွင် ဂျပန်နိုင်ငံသည် ထိပ်ဆုံးမှ ဦးဆောင်နေပြီး ပြီးခဲ့သည့်နှစ်က အထည်ချုပ် ပို့ကုန်တန်ဖိုး အမေရိကန် ဒေါ်လာသန်း ၅၈ဝ ကျော် တင်ပို့ နိုင်ခဲ့ကြောင်း၊ ယင်းနောက်တွင် တောင်ကိုရီးယား နိုင်ငံ အပါအဝင် ဥရောပ သမဂ္ဂ နိုင်ငံများ သို့လည်း အများဆုံး တင်ပို့နိုင်ခဲ့ပြီး မြန်မာနိုင်ငံ အနေဖြင့် ပြည်ပ နိုင်ငံများသို့ တိုးချဲ့တင်ပို့ နိုင်ရေးအတွက် စက်မှုဇုန် လုပ်ငန်းများတွင် အထည်ချုပ် လုပ်ငန်းများ တိုးပွားလာအောင် ဆောင်ရွက် နေကြောင်း သိရသည်။

မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းသည် တိုးတက်လာရေး အတွက် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် က အထည်ချုပ် လုပ်ငန်းများကို ပိုမိုရင်းနှီး မြှုပ်နှံမှု အများဆုံး ခွင့်ပြုပေးလျက် ရှိကြောင်း မြဝတီသတင်းတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.