Science & Technology
ရန်ကုန် တိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အား ယာယီပြတ်တောက်မည်
ရန်ကုန်၊ မေ ၄ ရက် (ဆင်ဟွာ)
ရန်ကုန် တိုင်းဒေသကြီးအတွင်း ဓာတ်အား မလုံလောက်သည့် အတွက် ယာယီဓာတ်အား ပြတ်တောက်မှုအား နားလည်ပေးရန် ရန်ကုန် လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းမှ သတင်းထုတ်ပြန်သည်။
ဓာတ်အားစနစ်အတွင်း ရွှေလီနှင့်ရဲရွာ ဓာတ်အားပေး စက်ရုံများမှ ထုတ်လုပ်ဖြန့်ဖြူးပေးလျက် ရှိသော (၆၃၀) မဂ္ဂါဝပ် ဓာတ်အားလိုင်းမှာ ယာယီအပြစ်ဖြစ်ပြီး ပြုတ်သွားပါသဖြင့် ရန်ကုန်တိုင်းဒေသကြီး အတွင်းဓာတ်အား မလုံလောက်မူများ ဖြစ်ပေါ်လာသည့် အတွက် အချို့နေရာများတွင် ဝန်အားလျော့ခြင်း လုပ်ငန်းများ ဆောင်ရွက်လျက် ရှိပါသောကြောင့် ယာယီဓာတ်အား ပြတ်တောက်မူများ အပေါ်နားလည် ခွင့်လွှတ်ပေးနိုင်ပါရန် ရန်ကုန် လျှပ်စစ် ဓာတ်အားပေးရေး ကော်ပိုရေးရှင်းမှ အများပြည်သူသို့ လေးစားစွာ အသိပေး ပန်ကြားအပ်ပါသည်ဟု သတင်း ထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)