Connect with us

Science & Technology

ဆမ်ဆောင်းမှ ကွန်ပျူတာ၊ နည်းပညာ တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများအတွက် Software, Hardware ဆိုင်ရာ ပညာသင်ဆု ပေးမည်

ဆမ်ဆောင်း အမှတ်တံဆိပ် အား တွေ့ရစဉ် (ဓာတ်ပုံ-Star Com)

ရန်ကုန်၊ မေ ၃ ရက် (ဆင်ဟွာ)

၂၀၁၆ ခုနှစ်တွင် Samsung (ဆမ်ဆောင်း) ၏ CSR Program မှ ကွန်ပျူတာ၊ နည်းပညာ တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများအတွက် Software၊ Hardware ပိုင်းဆိုင်ရာ သင်တန်းများ၊ ပညာသင် ဆုများ ပေးအပ် ပြုလုပ်သွားမည် ဖြစ်ကြောင်း Star Com မြန်မာမှ သတင်း ထုတ်ပြန်သည်။

၂၀၁၄ ခုနှစ်တွင် Samsung အနေဖြင့် အရှေ့တောင် အာရှ၊ ထိုင်ဝမ်နှင့် နယူးဇီလန်တွင် ရှိသည့် Smart School (၈၃) ခု၊ Tech Institute (၁၄) ခုအား အမေရိကန်ဒေါ်လာ (၆) သန်း ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ခဲ့ပြီး လူငယ် ကျောင်းသားပေါင်း ၁၆၅,၀၀၀ ကျော်ကို အကျိုးပြု နိုင်ခဲ့ကြောင်း သိရသည်။

Samsung အနေနှင့် အာဖရိက၊ အရှေ့ အလယ်ပိုင်း ဒေသ၊ အရှေ့တောင် အာရှနှင့် ဥရောပ နိုင်ငံများတွင် အစီအစဉ် (၂၃) ခု အား အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ပြီး ကမ္ဘာတစ်ဝန်းမှ ထူးခြားပြီး အရည်အချင်းရှိသည့် လူငယ်များအား ယခု အစီအစဉ်မှ တဆင့် အလုပ်အကိုင် အခွင့်အလမ်းများ ပေးအပ်၊ ခန့်အပ် နိုင်ခဲ့ကြောင်း သတင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

အာရှဒေသတွင်းတွင် Samsung အနေဖြင့် နိုင်ငံပေါင်း (၈) နိုင်ငံမှ နည်းပညာ တက္ကသိုလ်ပေါင်း (၁၅) ခုအား အကူအညီ အထောက်အပံ့ ပေးအပ်ခဲ့ပြီး ဖြစ်ကြောင်း၊ Samsung သည် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်ဝမ် စတဲ့ အာရှနိုင်ငံများမှ ကျောင်းသား လူငယ်များစွာကို နည်းပညာနှင့် အင်ဂျင်နီယာ ဘာသာရပ်များတွင် လိုအပ်သည့် သင်ကြားမှုများ အတွက် နည်းပညာနှင့် ပတ်သက်သည့် သင်တန်းများ ပေးအပ်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် နိုင်ငံပေါင်း ၈၄ နိုင်ငံတွင် ဝန်ထမ်းပေါင်း ၃၀၇,၀၀၀ ဖြင့် လှုပ်ရှား ဆောင်ရွက် လျက်ရှိပြီး နှစ်စဉ်ရောင်းရငွေ အမေရိကန်ဒေါ်လာ ၁၉၆ ဘီလီယံ အထိ ရရှိနေသည့် ကုမ္ပဏီ ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.