Science & Technology
ရန်ကုန်-မန္တလေး ကုန်သေတ္တာတင် ရထား ပြန်လည် ပြေးဆွဲမည်
ရန်ကုန်၊ ဇူလိုင် ၁၁ ရက် (ဆင်ဟွာ)
ရန်ကုန်မှ မန္တလေးသို့ ကုန်သေတ္တာ တင်ပို့လိုသူများ အတွက် ကုန်သေတ္တာတင် တွဲဆိုင်း ၁၁ တွဲပါ ရထား ပြေးဆွဲခြင်းကို စက်ပစ္စည်း လိုအပ်ချက်ကြောင့် ရပ်ဆိုင်းထား ခဲ့ကာ ယခုအခါ ပြန်လည်ပြေးဆွဲ ပေးမည် ဖြစ်ကြောင်း မြန်မာ့ မီးရထားမှ သိရသည်။
ပို့ဆောင်လိုသည့် ကုန်သေတ္တာများတွင် အရှည်ပေ ၄ဝ၊ အကျယ် ၈ ပေ၊ အမြင့်ပေ ၈ ပေ ၆ လက်မ ထက်မပိုသော ကုန်သေတ္တာ နှစ်လုံး အလေးချိန် ၃၃ တန်ထက် မကျော်လွန်ပါက တင်ဆောင် ခွင့်ပြုမည် ဖြစ်သည်။
ရထားတွဲ ပေါ်သို့ ကုန်သေတ္တာ အတင်အချ ပြုလုပ်ခြင်းကို တင်ပို့သူက တာဝန်ယူ ဆောင်ရွက်ရမည် ဖြစ်ပြီး ရန်ကုန်မြို့ရှိ ကမ်းနားလမ်း၊ သီလဝါဘူတာ၊ ရွာမဘူတာ၊ မန္တလေးမြို့ရှိ မြို့ဟောင်း ဘူတာ၊ ယာဒ်ဝင်းနှင့် ပလိပ်ဘူတာတို့၌ ကုန်သေတ္တာ အတင်အချ ပြုလုပ်နိုင်မည် ဖြစ်ကြောင်း မြန်မာ့မီးရထားမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
ကုန်သေတ္တာတင် ရထားဖြင့် ပို့ဆောင်မှုတွင် အဆန်ခရီးစဉ် အတွက် ၁ မိုင်လျှင် ကုန်စည် ၁ တန် ငွေကျပ် ၄၂ ကျပ်နှုန်း၊ အစုန်ခရီးစဉ် အတွက် ၁ မိုင်လျှင် ကုန်စည် ၁ တန် ငွေကျပ် ၃ဝ နှုန်းနှင့် ၄၂ ကျပ်နှုန်း သတ်မှတ် ကောက်ခံသွားမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)