Connect with us

Science & Technology

အာရှဖွံ့ဖြိုးရေးဘဏ် က သုံးနိုင်ငံ ချိတ်ဆက်မည့် ဘတ်စ်ကားလိုင်း ပြေးဆွဲရေး စီမံချက် တစ်ရပ်ကို အဆိုပြုထား

သုံးနိုင်ငံချင်းဆက် ဘတ်စ်ကားလိုင်း ပြေးဆွဲမည့် မြေပုံအားတွေ့ရစဉ် (ဓာတ်ပုံ-မြဝတီ)

ရန်ကုန်၊ ဇူလိုင် ၁၁ ရက် (ဆင်ဟွာ)

အာရှဖွံ့ဖြိုးရေး ဘဏ် (ADB) က အိန္ဒိယ၊ မြန်မာနှင့် ထိုင်းနိုင်ငံတို့ကို ချိတ်ဆက်မည့် ဘတ်စ်ကားလိုင်း ပြေးဆွဲရေး စီမံချက် တစ်ရပ်ကို အဆိုပြုထားပြီး သက်ဆိုင်ရာ နိုင်ငံများ ကြားတွင် သဘောတူညီမှု ရရှိရန် ကြိုးပမ်း သွားမည် ဖြစ်ကြောင်း အာရှ ဖွံ့ဖြိုးရေးဘဏ် (ADB) က သတင်းထုတ်ပြန် ခဲ့သည်။

အိန္ဒိယ၊ မြန်မာနှင့် ထိုင်းနိုင်ငံ တို့ကို ချိတ်ဆက်မည့် အဝေးပြေးလမ်းသည် ကီလိုမီတာ ၁၂ဝဝ ရှိပြီး အာဆီယံနိုင်ငံ များနှင့် အိန္ဒိယနိုင်ငံ ကြားတွင် ကုန်သွယ်မှု အားကောင်းလာ စေရန် အထောက်အကူ ဖြစ်စေကြောင်း သိရသည်။

ထို့ပြင် အဝေးပြေးလမ်း၏ အစိတ်အပိုင်း တစ်ရပ်ဖြစ်သော မန္တလေးနှင့် မိုရေးမြို့တို့ကို ချိတ်ဆက်ထားသည့် လမ်းပိုင်း၌ လမ်းပိုင်း အဆင့်မြှင့်တင်ခြင်းနှင့် တံတားဟောင်းများ ပြုပြင်ခြင်း၊ တံတားသစ်များ ထပ်မံ တည်ဆောက်ခြင်း အတွက် အိန္ဒိယ အစိုးရမှ ဘဏ္ဍာရေး အကူအညီများ ပေးသွားမည် ဖြစ်သည်။ မန္တလေးနှင့် မိုရေးကို ချိတ်ဆက် ထားသည့် လမ်းပိုင်းတွင် တံတား ၇၃ စင်းကို ပြင်ဆင်ခြင်းနှင့် အသစ် တည်ဆောက်ခြင်း များပြုလုပ် ရမည် ဖြစ်ကြောင်း သတင်း ထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.