Connect with us

Science & Technology

သဘာဝဓာတ်ငွေ့သုံး မော်တော်ယာဉ်၂၈,၀၀၀ကျော်အတွက် နေ့စဉ် သဘာဝဓာတ်ငွေ့ကုဗပေ ၂၃ သန်း ခန့်ရောင်းချပေးနေဟုဆို

မော်တော်ယာဉ်သုံးသဘာဝဓာတ်ငွေ့ အရောင်းအား လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်ကြည့်ရူ့ စစ်ဆေးစဉ်(MOI)

ရန်ကုန်၊ ဒီဇင်ဘာ ၂၅ ရက် (ဆင်ဟွာ)

မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းသည်  သဘာဝဓာတ်ငွေ့သုံး မော်တော်ယာဉ်၂၈,၀၀၀ကျော်အတွက် နေ့စဉ် သဘာဝဓာတ်ငွေ့ကုဗပေ ၂၃ သန်း ခန့်ရောင်းချပေးနေကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သောသတင်းအရ သိရသည်။

သဘာဝဓာတ်ငွေ့သုံး မော်တော်ယာဉ် (Natural Gas Vehicle-NGV) ၂၈၂၉၉ စီးတို့ကို နေ့စဉ်သဘာဝဓာတ်ငွေ့ကုဗပေ ၂၃ သန်း ခန့်အသုံးပြု၍ 1 kg လျှင် ၂၇၃ ဒသမ ၂၅ ကျပ်နှုန်းဖြင့် နေ့စဉ် စုစုပေါင်း kg 510000 ကျော်ခန့်ကို ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

 

သဘာဝဓာတ်ငွေ့ကို ၁၉၈၆ ခုနှစ်တွင် အရောင်းဆိုင် သုံးဆိုင်ဖြင့် စတင်ဖြန့်ဖြူးရောင်းချခဲ့ရာမှ ယခုအခါ ရန်ကုန်တိုင်းဒေသကြီးတွင် ၄၁ ဆိုင်၊ မန္တလေးတိုင်းဒေသကြီးတွင် အရောင်းဆိုင် နှစ်ဆိုင်နှင့် မကွေးတိုင်း ဒေသကြီးတွင် အရောင်းဆိုင် သုံးဆိုင် စုစုပေါင်း ၄၆ ဆိုင်အထိ တိုးတက်လာခဲ့ကြောင်း သိရသည်။

 

 

 ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အချို့သော အရောင်းဆိုင်များအား ယာဉ်ကြောပိတ်ဆို့မှု မဖြစ်ပေါ်စေရေးအတွက် CNG ဆိုင်နေရာသစ်များ ထပ်မံဖွင့်လှစ်နိုင်ရေးကိုလည်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

CNG အရောင်းဆိုင်များတွင် နည်းပညာမြင့် CNG Compressor စက်သစ်များ အစားထိုးတပ်ဆင်ထားသောကြောင့် ဓာတ်ငွေ့ဖြည့်တင်းမှု ပိုမိုမြန်ဆန်လာပြီး အရောင်းဆိုင် ပြင်ပ လမ်းမပေါ်တွင် ယာဉ်တန်းစီမှုလျော့နည်းလျက်ရှိပြီး ရောင်းချနေသည့် CNG ဈေးနှုန်းသည် တစ်ဂါလန်လျှင် ကျပ် ၁၀၀၀ နှုန်းနှင့်ညီမျှရာ ဒီဇယ်၊ ဓာတ်ဆီတို့၏ ဈေးနှုန်းထက် သုံးဆခန့်သက်သာသဖြင့် ခရီးသည်ပို့ဆောင်ရေးနှင့် ကုန်စည်ပို့ဆောင်ရေး ကဏ္ဍများတွင် သက်သာစွာ အသုံးပြုလျက်ရှိကြောင်း သိရသည်။

 

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်သည် ဒီဇင်ဘာ ၂၄ ရက် နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း လက်အောက်ရှိ မော်တော်ယာဉ်သုံးသဘာဝဓာတ်ငွေ့ အရောင်းဆိုင်၃ဆိုင်သို့ ကြည့်ရူ့စစ်ဆေးခဲ့သည်။

သဘာဝဓာတ်ငွေ့ အရောင်းဆိုင်ရှိ ဝန်ထမ်းများမှ ပြည်သူသို့ ဓာတ်ငွေ့များ ဖြန့်ဖြူးရောင်းချရာတွင် ဆက်ဆံရေးပြေပြစ်စွာဖြင့် ပြောဆိုဆက်ဆံကြရန် သက်ဆိုင်ရာတာဝန်ရှိသူများက အဆင့်ဆင့်ညွှန်ကြားထားရန် လိုအပ်ပါကြောင်း၊ ၂၄ နာရီ ပိတ်ရက်မရှိ ရောင်းချနေရသည်ဖြစ်၍ ညအချိန်တွင် လုံခြုံရေးကို အထူ ဂရုပြုဆောင်ရွက်သွားကြရန်လိုအပ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်မှာကြားခဲ့ကြောင်း သိရသည်။

(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.