Connect with us

Science & Technology

ရှမ်းပြည်နယ်တောင်ပိုင်းရှိ အင်းလေးကန် အနောက်ပတ်လမ်းအားကျေးလက်လမ်း ဦးစီးဌာန က တာဝန်ယူဖောက်လုပ်လျက်ရှိ

အင်းလေးကန်တွင်လည်ပတ်လျက်ရှိသည့် နိုင်ငံခြားသားများအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဒီဇင်ဘာ ၂၄ရက် (ဆင်ဟွာ) 

ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးခရိုင် ညောင်ရွှေမြို့နယ်ဖောင်တော်ဦးမြတ်စွာဘုရားကိန်းဝပ် စံပယ်တော်မူသည့် အင်းလေးကန် အနောက်ပတ်လမ်း ၂၆ မိုင်ကို ပြည်ထောင်စုအစိုးရ ခွင့်ပြုရန်ပုံငွေ ဖြင့် ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနက တာဝန်ယူဖောက်လုပ်လျက်ရှိကြောင်း သိရသည်။ 

အဆိုပါလမ်းသည် ယခင်က လမ်း မပေါက်သေးသည့် အင်းလေးကန် အနောက်ဘက်တစ်လျှောက် ဖောက် လုပ်ထားသည့် အင်းလေးကန် အနောက်ပတ်လမ်းဖြစ်ပြီး ၂၀၁၇- ၂၀၁၈ ဘဏ္ဍာနှစ်မှစ၍ တောင်ကြီး ခရိုင် ကျေးလက်လမ်းဦးစီးဌာနက တာဝန်ယူ ဖောက်လုပ်လျက်ရှိရာ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ငါးမိုင် သုံးဖာလုံ၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် လေးမိုင် ခုနစ်ဖာလုံတို့ကို ကတ္တရာ လမ်းအဆင့်အထိ ဖောက်လုပ်ပေးခဲ့ သည်။ ၂၀၁၉ -၂၀၂၀ ဘဏ္ဍာနှစ်တွင် လေးမိုင် ခုနစ်ဖာလုံကို ကတ္တရာလမ်း အဆင့်ရောက်သည်အထိ ဖောက်လုပ် သွားမည်ဟု သိရသည်။

အဆိုပါလမ်းမှာ တောင်လေးလုံး-ခေါင်တိုင်မှစတင်ပြီး ခေါင်တိုင်မှ အင်းတိမ်၊ အင်းတိမ်မှ မှော်ဘီအထိ ၂၆ မိုင် ရှိသည်။ ညောင်ရွှေ-မှော်ဘီ- ပင်လောင်းလမ်းတို့နှင့် ဆက်သွယ် ပေးမည့် ကျေးလက်လမ်းဖြစ်သည်။ အဆိုပါလမ်းပြီးစီးသွားလျှင် အင်းလေး ကန်ဒေသမှ ကျေးရွာ၂၄ ရွာ၊ အိမ်ခြေ ၂၂၄၃ အိမ်၊ ကျေးလက်လူဦးရေ ၁၀၆၆၉၈ ဦးတို့ အသုံးပြုနိုင်မည်ဖြစ်ကြောင်း ကြေးမုံသတင်းစာတွင် ပါရှိသည်။  (Xinhua) 

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117