Connect with us

Science & Technology

ဧရာဝတီတိုင်း အတွင်း မဂ္ဂါဝပ် ၃ဝဝ ရှိ နေစွမ်းအင် ထုတ်လုပ်ရေး လုပ်ငန်းကို အမေရိကန်ဒေါ်လာ ၁,၀၀၀ ရင်းနှီးမြှုပ်နှံ ဆောင်ရွက်မည်

နေစွမ်းအင် ထုတ်လုပ်ရေး လုပ်ငန်းတွင် အသုံးပြုမည့် ဆိုလာပြားများ အားတွေ့ရစဉ် (ဓာတ်ပုံ-MOI)

ရန်ကုန်၊ မေ ၁၉ ရက် (ဆင်ဟွာ)

ဧရာဝတီတိုင်း ဒေသကြီးအတွင်း မဂ္ဂါဝပ် ၃ဝဝ ရှိ နေစွမ်းအင် ထုတ်လုပ်ရေး လုပ်ငန်းကို ဆောင်ရွက် သွားရန် အမေရိကန် ဒေါ်လာ သန်း ၁,ဝဝဝ ရင်းနှီးမြှုပ်နံှ၍ လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာနတို့ဖြင့် ပေါင်းစပ်ပြီး သဘောတူ စာချုပ်များ ပြုလုပ်ကာ လုပ်ငန်းများ စတင်လုပ်ဆောင်မည် ဖြစ်ကြောင်း Won Toll ကုမ္ပဏီ ဥက္ကဋ္ဌ ဦးကွန်းဇော်ထွန်း က ပြောကြားသည်။

မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်အား လိုအပ်ချက် မြင့်မားလာချိန် တွင် ပြန်လည် ပြည့်ဖြိုးမြဲ စွမ်းအင် တစ်ခုဖြစ်သည့် ဆိုလာစွမ်းအင်ကို ဧရာဝတီတိုင်း ဒေသကြီးအတွင်း 300 MW Power Plant တည်ဆောက်ပြီး ရန်ကုန်၊ မအူပင် စသော စက်မှုဇုန်များသ့ို လျှပ်စစ်ဓာတ်အား ဖြန့်ဖြူး ပေးနိုင်ရန် Won Toll Co.,Ltd နှင့် ထိုင်းနိုင်ငံ အခြေစိုက် Kamrai Paint Limited Part-nership တို့အကြား ပူးပေါင်း ဆောင်ရွက်မှု နားလည်မှု စာချွန်လွှာ လက်မှတ် ရေးထိုးခဲ့သည်။ ”ကျွန်တော်တို့ အနေနဲ့ လုပ်ကိုင်ခွင့် ရတာနဲ့ ပထမ ခြောက်လအတွင်းမှာ မဂ္ဂါဝပ် ၅ဝ မှ မဂ္ဂါဝပ် ၁ဝဝ၊ ဒုတိယ ခြောက်လမှာ မဂ္ဂါဝပ် ၂ဝဝ/၂၅ဝ စုစုပေါင်း တစ်နှစ်အတွင်း မဂ္ဂါဝပ် ၃ဝဝ ရရှိ သုံးစွဲနိုင်ဖို့ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ Won Toll ကုမ္ပဏီ ဥက္ကဋ္ဌ ဦးကွန်းဇော်ထွန်း က ဆိုသည်။ မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အား လိုအပ်ချက်သည် နှစ်စဉ် ၁၅ ရာခိုင်နှုန်း တိုးလာလျက် ရှိရာ မကြာသေးမီက ထုတ်ပြန်သော စာရင်းများ အရ တစ်နိုင်ငံလုံးတွင် လျှပ်စစ်ဓာတ်အား လိုအပ်ချက် မဂ္ဂါဝပ် ၂,၇ဝဝ ခန့်ရှိပြီး ယင်းတို့အနက် ရန်ကုန်တိုင်း ဒေသ ကြီးသည် စီးပွားရေး မြို့တော်ဖြစ်သည့် အလျောက် စုစုပေါင်း ဓာတ်အား ထုတ်လုပ်မှု၏ ထက်ဝက်ခန့် သုံးစွဲနေရကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.