Connect with us

Science & Technology

LPG ဓာတ်ငွေ့ရည်နှင့် ဆိုင်သည့် စီးပွားဖြစ် လုပ်ငန်းများ ဇူလိုင်လ မတိုင်မီ လိုင်စင် ထုတ်ပေးသွားမည်

LPG ဓာတ်ငွေ့ရည် အိုးများကို တွေ့ရစဉ် (ဓာတ်ပုံ-- အင်တာနက်)

ရန်ကုန်၊ မေ ၁၇ ရက် (ဆင်ဟွာ)

ပြည်တွင်း၌ LPG ဓာတ်ငွေ့ရည်နှင့် ဆိုင်သည့် စီးပွားဖြစ် လုပ်ငန်းများ လုပ်ကိုင်နိုင်ရန် ဇူလိုင်လ မတိုင်မီ လိုင်စင် ထုတ်ပေးသွားမည် ဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဌာန၏ ထုတ်ပြန်ချက် အရ သိရသည်။

အဆိုပါ လိုင်စင်များ ထုတ်ပေးရာတွင် LPG ဓာတ်ငွေ့ရည် တင်သွင်းခြင်း၊ သိုလှောင်ခြင်း၊ ဖြန့်ဖြူးခြင်း၊ ရောင်းချခြင်း နှင့် သက်ဆိုင်သည့် စီးပွားဖြစ် လုပ်ငန်းများ လုပ်ကိုင်နိုင်ရန် လိုင်စင်များ ထုတ်ပေးသွားမည် ဖြစ်ကာ လုပ်ကိုင်လို သူများ အနေဖြင့် လိုင်စင်များ လျှောက်ထားနိုင်ပြီး ဇူလိုင်လ မတိုင်မီ လိုင်စင်များ ပြန်လည် ထုတ်ပေးသွားမည် ဖြစ်သည်။

ထို့ပြင် LPG ဓာတ်ငွေ့ရည်နှင့် ဆိုင်သည့် စီးပွားဖြစ် လုပ်ငန်းများ လုပ်ကိုင်နိုင်ရေး လိုင်စင်များ ထုတ်ပေးရန် ပြင်ဆင်ခြင်းမှာ နိုင်ငံတစ်ဝန်းရှိ LPG ဓာတ်ငွေ့ရည် အရောင်းဆိုင် များနှင့် ဖြန့်ဖြူး ရောင်းချသည့် လုပ်ငန်းများကို တရားဝင် လုပ်ကိုင်ခွင့် ရရှိရန် ဖြစ်ပြီး လုပ်ငန်း လုပ်ကိုင် လိုသူများအား လိုင်စင် အမျိုးအစား ငါးမျိုးခွဲခြား၍ ထုတ်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

LPG ဓာတ်ငွေ့ရည် များကို စားသောက်ဆိုင်များ အပြင် တစ်ပိုင်တစ်နိုင် မီးဖိုချောင်သုံး ဂက်စ်မီးဖိုများ၌ အသုံးပြုကြပြီး လတ်တလောတွင် ပြည်တွင်း၌ သုံးစွဲနေသည့် LPG ဓာတ်ငွေ့ရည် များကို ထိုင်းနိုင်ငံမှ အများဆုံး တင်သွင်းနေကြောင်း ဈေးကွက် အတွင်းမှ သိရသည်။

လတ်တလောတွင် LPG ဓာတ်ငွေ့ရည် အား ဆိပ်ကမ်းများနှင့် လေဆိပ်များကို အသုံးပြု၍ တင်သွင်းမှု ပြုလုပ်နိုင်သည့် လိုင်စင်များအား ပုဂ္ဂလိက ကုမ္ပဏီ ခုနစ်ခုသို့ ထုတ်ပေးထားပြီး သိုလှောင်မှု နှင့် ဖြန့်ဖြူး ရောင်းချမှုများ ပြုလုပ်နိုင်သည့် လိုင်စင်များကို ပုဂ္ဂလိက ကုမ္ပဏီ ခြောက်ခုသို့ ထုတ်ပေး ထားကြောင်း မြဝတီ သတင်းတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117