Connect with us

Science & Technology

MPT နှင့် Facebook ပူးပေါင်း၍ အခမဲ့ အသုံးပြုနိုင်သော Free Basis နှင့် Facebook Flex လာတော့မည်

သတင်းစာရှင်းလင်းပွဲအပြီး MPT နှင့် Facebook ပူးပေါင်းမှု အောင်မြင်သည့် အထိမ်းအမှတ် အမှတ်တရ ဓာတ်ပုံ ရိုက်ကူးစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဇွန် ၂ ရက် (ဆင်ဟွာ)

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း MPT မှ Facebook နှင့် ပူးပေါင်း၍ အခမဲ့ အသုံးပြုနိုင်သော Free Basis နှင့် Facebook Flex ကို ဇွန်လ ၆ ရက် မှ စတင် အသုံးပြုနိုင်တော့မည် ဖြစ်ကြောင်း၊ ၎င်း Facebook Flex အစီအစဉ်သည် မြန်မာနိုင်ငံတွင် ပထမဆုံး ဖြစ်ကြောင်း MPT မှ Deputy Department Manager ဦးထွန်းအေမောင်က ယနေ့ သတင်းစာ ရှင်းလင်းပွဲတွင် ပြောသည်။

Facebook သည် မြန်မာနိုင်ငံတွင် အသုံးအများဆုံး လူမှုကွန်ရက် တစ်ခုဖြစ်ပြီး Facebook ၏ ဝန်ဆောင်မှုကို အသုံးပြုသူပေါင်း ၂၅ သန်းကျော်အား အွန်လိုင်း နှင့်ချိတ်ဆက်နိုင်ရန် လုပ်ဆောင်နိုင်ခဲ့ပြီ ဖြစ်ကြောင်း ဆိုသည်။
Facebook Flex ကို အသုံးပြုသူများ အနေဖြင့် ပုံစံ ၂မျိုး (အခမဲ့ပုံစံ နှင့် Data အသုံးပြုပုံစံ) အား ကူးပြောင်း အသုံးပြုနိုင်မည် ဖြစ်ကြောင်း၊ အခမဲ့ပုံစံ အသုံးပြုနေချိန်တွင် Post တင်ခြင်း၊ ကွန်းမန့်ပေးခြင်း၊ လိုက်ခ် ပေးခြင်း၊ ချက်တင် ပြောခြင်းများ ပြုလုပ်နိုင်မည် ဖြစ်ပြီး ဓာတ်ပုံ နှင့် ဗွီဒီယိုအား ကြည့်ရှုနိုင်မည် မဟုတ်ကြောင်း သိရသည်။
Facebook မှ Global Operator Partnerships ဒါရိုက်တာဖြစ်သူ Mr.Markku Makelainen က “ မြန်မာပြည်သူ ပြည်သားတွေ အင်တာနက်ပိုမိုချိတ်ဆက်နိုင်အောင် ၊ အင်တာနက် ပိုမို အသုံးပြုနိုင်အောင် လုပ်ဆောင်ချင်တဲ့အတွက် အခုလို MPT နဲ့ ချိတ်ဆက်ဆောင်ရွက်ခြင်းဖြစ်ပါတယ်’’ ဟုပြောသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.