Connect with us

Science & Technology

၂၀၂၃ တွင် A (6) လုပ်ကွက်မှ စီးပွားဖြစ် ထုတ်နိုင်အောင် စီစဉ်မည်

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် ရှင်းလင်း ဖြေကြားစဉ် (ဆင်ဟွာ)

နေပြည်တော်၊ စက်တင်ဘာ ၂၅ ရက် (ဆင်ဟွာ)

ကမ်းလွန် လုပ်ကွက်အမှတ် A(6) ရှိ အကဲဖြတ် တွင်း / ရှာဖွေရေးတွင်း ရွှေရည်ထွန်း (၂)တွင် တွေ့ရှိ သော သဘာဝဓာတ်ငွေ့များအား ငါးနှစ်အတွင်း စီးပွားဖြစ် ထုတ်လုပ်နိုင် စီစဉ် ဆောင်ရွက်သွားမည် ဟု လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ယနေ့ ညနေပိုင်း ပြုလုပ်ခဲ့ သော သတင်းစာရှင်းပွဲတွင် ပြောကြားခဲ့သည်။

“လျှပ်စစ်ဆိုတဲ့ သဘောက အားလုံး သိတဲ့အတိုင်းပါပဲ၊ ဒီနေ့ ကျွန်တော်တို့ အောင်မြင်စွာ ကြေညာ နေတယ်ဆိုတဲ့ ကိစ္စဟာ စီးပွားဖြစ် ဓာတ်ငွေ့ထွက်တဲ့အထိ ဆိုရင် ဒါ အနည်းဆုံး ၂၀၂၃ ခုနှစ် ဒီလောက်မှကျွန်တော်တို့ ရမှာဖြစ်ပါတယ်၊ ကြားထဲမှာ လေး ငါးနှစ် အချိန်တော့ ပေးရတာပါပဲ၊ ဒါတောင်မှ ကျွန်တော်တို့တော်တော်လေးကို မြန်မြန်ဆန်ဆန် လိုချင်လို့ သူတို့(ကုမ္ပဏီတွေ)နဲ့ ညှိနှိုင်း ပြီးတော့ ၂၀၂၃ ခုနှစ် ဒီလိုအချိန်မှာ A (6) ကနေပြီးတော့ ဓာတ်ငွေ့တွေ စီးပွားဖြစ် ထုတ်ပေး ဖို့ စီစဉ်သွားမှာဖြစ်ပါတယ်” ဟု ၎င်းက ပြောခဲ့သည်။

MPRL E & P ကုမ္ပဏီမှ Country Manager U Sithu Moe Myint ပြောကြားစဉ် (ဆင်ဟွာ)

Woodside ကုမ္ပဏီမှ Country Manager Mr. Daniel Clery ပြောကြားစဉ် (ဆင်ဟွာ)

TEMPကုမ္ပဏီမှ MD Mr. Romaric Roignan ပြောကြားစဉ် (ဆင်ဟွာ)

A(6) လုပ်ကွက် သဘာဝဓာတ်ငွေ့ တွေ့ရှိမှု သတင်းထုတ်ပြန်ပွဲ ကျင်းပနေစဉ် (ဆင်ဟွာ)

ရေနံနှင့်သဘာ၀ ဓာတ်ငွေ့ စမ်းသပ်ရှာဖွေ တူးဖော်ခြင်း လုပ်ငန်းများ အကျိူးတူ ပူးပေါင်း ဆောင်ရွက် နေသော MPRL E & P Pte. Ltd. နှင့် အခြား အစုရှယ်ယာရှင်များ ဖြစ်သည့် Woodside Energy (Myanmar) Pte. Ltd., TOTAL E & P Myanmar ကုမ္ပဏီတို့သည် အဆိုပါ ရွှေရည်ထွန်း(၂)ကို ၂၀၁၈ ခုနှစ် ဇူလိုင်လ ၂၀ ရက်တွင် စတင် တူးဖော်ခဲ့ရာ အသားတင် ထုတ်ယူနိုင်မည့် သဲကြောအထူ ၄၀ မီတာခန့်ကို တွေ့ရှိခဲ့ပြီး သဘာ၀ ဓာတ်ငွေ့ ထုတ်လုပ်မှု စမ်းသပ်ခြင်းကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ကြောင်း၊မြန်မာ့ ကမ်းလွန် လုပ်ကွက် A (6) တွင် မြန်မာ အမျိုးသားများ ဦးဆောင် သော MPRL E & P Pte. Ltd. က ရင်းနှီးမြှုပ်နှံမှု ၂၀ ရာခိုင်နှုန်း၊ သြစတြေးလျနိုင်ငံ Woodside Energy (Myanmar) Pte. Ltd. က ၄၀ ရာခိုင်နှုန်း၊ ပြင်သစ်နိုင်ငံ TOTAL E & P Myanmar ကုမ္ပဏီက ၄၀ရာခိုင်နှုန်း အချိုးကျ ပါဝင်ကာ အကျိုးတူ ပူးပေါင်းဆောင်ရွက်လျက် ရှိကြောင်းနှင့် စီးပွားဖြစ် ထုတ်လုပ်နိုင်သော သဘာ၀ ဓာတ်ငွေ့ စီမံကိန်း တစ်ခုအဖြစ် ငါးနှစ်အတွင်း အကောင် အထည်ပေါ်လာရန် ဆက်လက် ညှိနှိုင်း ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း လည်း ယနေ့ သတင်းစာ ရှင်းပွဲက ထုတ်ပြန်ခဲ့သည်။

အဆိုပါ လုပ်ကွက်မှ စီးပွားဖြစ် ထွက်ရှိလာသော ဓာတ်ငွေ့များ၏ ၂၅ ရာခိုင်နှုန်းကို ပြည်တွင်း၌ အသုံးပြုရန် ကမ္ဘာ့ပေါက်ဈေးထက် ပိုနိမ့်သော ဈေးဖြင့် ဝယ်ယူခွင့် ရရှိမည်ဖြစ်ကြောင်း၊ ပြည်တွင်း သုံးရန် ၂၅ ရာခိုင်နှုန်းထက် ပိုပြီး ဝယ်ယူလိုပါက ပိုဝယ်နိုင်သော်လည်း ထိုပိုဝယ်သည့် ပမာဏအတွက် ကမ္ဘာ့ပေါက်ဈေးဖြင့် ပေးချေရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံနိုင်သော အခွင့်အလမ်း များအဖြစ် ကုန်းတွင်းနှင့်ကမ်းလွန် ရေနံနှင့် သဘာ၀ ဓာတ်ငွေ့လုပ်ကွက်ပေါင်း ၁၀၄ ကွက် ရှိသည့် အနက် အလားအလာကောင်းများ ရရှိထား သော ကမ်းလွန် လုပ်ကွက် ၅၁ ကွက်မှ Open လုပ်ကွက် ၁၅ ကွက်တို့အတွက် ၂၀၁၈ ခုနှစ် မကုန်မီ EoI အဆိုပြုလွှာများ ခေါ်ယူသွားမည် ဖြစ်ကြောင်း ပြည်ထောင်စု ဝန်ကြီးက မီဒီယာကို ဖြေကြားခဲ့ သည်။၂၀၁၉ ခုနှစ်တွင် ကုန်းတွင်း လုပ်ကွက် ၅၃ ကွက်မှ Open Block ၁၈ ကွက်တို့ကို International Bidding Round ပြုလုပ်သွားမည်ဖြစ်ပြီး ရေနံနှင့် သဘာ၀ ဓာတ်ငွေ့ လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများ တိုးတက်လာ မည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.