Connect with us

Science & Technology

ပုသိမ်မြို့၏ အနောက်မြောက်ဘက် ကီလိုမီတာ ၁ဝဝ ခန့်အကွာရှိ အကဲဖြတ်တွင်း ရွှေရည်ထွန်း(၂) မှ သဘာဝ ဓာတ်ငွေ့ ထုတ်ယူနိုင်ကြောင်း စမ်းသပ် တွေ့ရှိ

ကမ်းလွန်လုပ်ကွက် အမှတ် A-6 တွင် အကဲ ဖြတ်တွင်း ရွှေရည်ထွန်း(၂)ကို တူးဖော်စမ်းသပ်နေမှုများအား ပြည်ထောင်စုဝန်ကြီး နှင့် အဖွဲ့ ကြည့်ရှုစစ်ဆေးနေစဉ်(ဓာတ်ပုံ-MOI)

ရန်ကုန် ၊ စက်တင်ဘာ ၂၄ ရက်(ဆင်ဟွာ)

ဧရာဝတီတိုင်းဒေသကြီး ၊ ပုသိမ်မြို့၏ အနောက်မြောက်ဘက် ကီလိုမီတာ ၁ဝဝ ခန့်အကွာရှိ ကမ်းလွန် လုပ်ကွက် အမှတ် A-6 တွင် အကဲဖြတ်တွင်း ရွှေရည်ထွန်း(၂) မှ သဘာဝဓာတ်ငွေ့ ထုတ်ယူနိုင်ကြောင်း စမ်းသပ် တွေ့ရှိခဲ့ရသည်ဟု ပြန်ကြားရေး ဝန်ကြီး ဌာန၏ သတင်း ထုတ်ပြန်မှု အရ သိရသည်။

ကမ်းလွန်လုပ်ကွက် အမှတ် A-6 တွင် အကဲဖြတ် တွင်းရွှေရည်ထွန်း(၂)အား ၂ဝ၁၈ ခုနှစ် ဇူလိုင် ၂ဝ ရက်တွင် စတင်တူးဖော်ခဲ့ပြီး သြဂုတ် ၂၉ ရက်တွင် ရည်မှန်းအနက် ၄၈၅ဝမီတာ (၁၅၉၁၂ပေ)အထိ တူးဖော်ခဲ့ရာ အနက် ၄၃၇၃ မီတာခန့်တွင် သဘာဝဓာတ်ငွေ့ခိုအောင်း နေသည့် အသားတင်ထုတ်ယူရရှိနိုင်မည့် သဲကြောအထူ ၄ဝ မီတာခန့်ကို စမ်းသပ်တွေ့ရှိခဲ့ကြောင်း သိရသည်။

မြန်မာ့ကမ်းလွန်လုပ်ကွက်အမှတ် A-6 တွင် MPRL E&P Pte Ltd. မှ ရင်းနှီးမြှုပ်နှံမှု (၂ဝ ရာခိုင်နှုန်း)၊ သြစတြေးလျ နိုင်ငံ Woodside Energy (Myanmar) Pte Ltd.မှ (၄ဝ ရာခိုင်နှုန်း)၊ ပြင်သစ်နိုင်ငံ Total E&P Myanmar Co.,Ltd.မှ (၄ဝ ရာခိုင်နှုန်း) အသီးသီးအချိုးကျ ပါဝင်ကာ ရှာဖွေတူးဖော်ခြင်းလုပ်ငန်းများကို အကျိုးတူပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အကဲဖြတ်တွင်း ရွှေရည်ထွန်း-၂ ကိုလုပ်ကွက် A-6 ၏ ပဉ္စမမြောက်တွင်းအဖြစ် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့၏ အနောက်မြောက်ဘက် ကီလိုမီတာ ၁ဝဝ ခန့်အကွာ ကမ်းလွန်ပင်လယ်ပြင်တွင် ရေအနက် ၂၃၂၅ မီတာနေရာ၌ တူးဖော်ခဲ့ခြင်းဖြစ်ပြီး ရှာဖွေရေးတွင်း၊ အကဲ ဖြတ်တွင်းများတူးဖော်ခြင်း၊ ရှာဖွေခြင်းဆိုင်ရာလုပ်ငန်းများ ကို စီးပွားဖြစ် ထုတ်လုပ်နိုင်သည့်အဆင့်သို့ ရောက်ရှိအောင် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ပုသိမ်မြို့၏ အနောက် မြောက်ဘက် ၁ဝ၂ ကီလိုမီတာခန့် အကွာ ကမ်းလွန်လုပ်ကွက် အမှတ် A-6 တွင် အကဲ ဖြတ်တွင်း ရွှေရည်ထွန်း(၂)ကို တူးဖော်နေသော တွင်းတူး စက် Dhirubhai Deep Water KG2 (DDKG2) သို့ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်သည် စက်တင်ဘာ ၂၂ ရက်တွင် တာဝန်ရှိသူများ နှင့် အတူ တွင်းတူးဖော် စမ်းသပ်နေမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.