Connect with us

Science & Technology

မော်တော်ယာဉ် ၂၈၀၀၀ ကျော်တို့ကို CNG ယာဉ်များ အဖြစ် ပြောင်းလဲပြီးစီး

သဘာဝ ဓာတ်ငွေ့ (CNG) သုံး မော်တော် ယာဉ်တစ်စီးအား တွေ့ရစဉ် (ဆင်ဟွာ)

နေပြည်တော်၊ မတ်လ ၁၈ ရက် (ဆင်ဟွာ)

ဓာတ်ဆီ၊ ဒီဇယ်နှင့် LPG သုံး မော်တော်ယာဉ်များအား သဘာ၀ ဓာတ်ငွေ့(CNG) သုံး မော်တော် ယာဉ်များ အဖြစ် ၂၀၀၄ သြဂုတ်လမှ စ၍ ပြောင်းလဲတပ်ဆင်ပေးလျက်ရှိရာ ၂၀၁၇ မတ်လ ၁၆ ရက် အထိ မော်တော်ယာဉ် အစီးရေ ၂၈၂၉၉ စီးအား CNG ယာဉ်များအဖြစ် ပြောင်းလဲ တပ်ဆင် ပေးပြီးကြောင်း လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန ဒုတိယ အမြဲတမ်း အတွင်းဝန် ဦးဌေးအောင်က မတ်လ ၁၆ ရက် သတင်းစာ ရှင်းပွဲတွင် ပြောခဲ့သည်။

“မြန်မာတစ်နိုင်ငံလုံးမှာ ယနေ့အထိ စုစုပေါင်း မော်တော်ယာဉ် ၂၈၂၉၉ စီးတို့ကို CNG ယာဉ်များအဖြစ် ပြောင်းလဲ တပ်ဆင်ပေးနိုင်ခဲ့ပါတယ်၊ စွမ်းအင်ဝန်ကြီးဌာနအနေနဲ့ ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ CNG သုံး ခရီးသည်ယာဉ်များ အသုံးပြုနိုင်ရန် မြန်မာပြည်အောက်ပိုင်း ရေနံမြေများမှ ထွက်ရှိတဲ့ ကုန်းတွင်း သဘာ၀ ဓာတ်ငွေ့ဖြင့်သာ နေ့စဉ် ကုဗပေ ၁၈ သန်းမှ ၂၀ သန်းအထိ ဖြန့်ဖြူးပေးလျက် ရှိပါတယ်” ဟု ၎င်းက ပြောခဲ့သည်။

CNG အရောင်းဆိုင်များကို ရန်ကုန်တိုင်းဒေသကြီးအတွင်း ၄၁ ဆိုင်၊ ချောက်မြို့နယ်တွင် တစ်ဆိုင်၊ ရေနံချောင်းမြို့နယ်တွင် နှစ်ဆိုင်နှင့် မန္တလေးတိုင်းဒေသကြီးတွင် နှစ်ဆိုင် — တစ်နိုင်ငံလုံးတွင် CNG အရောင်းဆိုင်ပေါင်း ၄၆ ဆိုင်ဖွင့်လှစ်၍ ၂၄ နာရီ ပတ်လုံး ပိတ်ရက်မရှိ ရောင်းချပေးလျက်ရှိ ကြောင်းလည်း သူက ရှင်းပြခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.