Connect with us

Science & Technology

၂၀၁၇ ဇန်နဝါရီ တစ်လအတွင်း တရားမဝင် ဓာတ်အား သုံးစွဲမှုမှ နစ်နာကြေး ကျပ် ၆၄သန်းခွဲကျော်ရရှိ

ရန်ကုန်တိုင်းဒေသကြီးအတွင်း ဓါတ်အားတရားမဝင်သုံးစွဲမှုများအတွက် လျှပ်စစ်ကြိုးများ ခိုးယူသွယ်တန်းထားမှု တစ်ခုအားတွေ့ရစဉ် (ဆင်ဟွာ)

နေပြည်တော်၊ မတ်လ ၁၆ ရက် (ဆင်ဟွာ)

တိုင်းဒေသကြီး နှင့် ပြည်နယ် အသီးသီးတွင် တရားမဝင် ဓာတ်အား သုံးစွဲမှုများ စစ်ဆေးတွေ့ရှိခဲ့ရာ ၂၀၁၇ ဇန်နဝါရီတစ်လအတွင်းမှာပင် ၄၆ မှု တွေ့ရှိခဲ့ပြီး ထိုအမှုများမှ နစ်နာကြေးငွေ ကျပ် ၆၄ သန်းခွဲ ကျော်( ၆၄၅၃၈၀၆၀ ကျပ်) ရရှိခဲ့သည်ဟု လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ ဦးဆောင်ညွှန်ကြား ရေးမှူး ဦးခင်မောင်ဝင်းက အဆိုပါ ဝန်ကြီးဌာနက ယနေ့နံနက်ပိုင်း ပြုလုပ်သည့် သတင်းစာရှင်းပွဲတွင် ပြောခဲ့သည်။

“ တစ်နိုင်ငံလုံး အနေနဲ့ ၂၀၁၇ ဇန်နဝါရီလအတွင်း စစ်ဆေးမှုများအရ တရားမဝင် ဓာတ်အား သုံးစွဲမှု ၄၆ မှု ရှိပြီး တရားမဝင် ဓာတ်အား သုံးစွဲမှု နစ်နာကြေးငွေ ၆၄,၅၃၈,၀၆၀ ကျပ် ရရှိခဲ့ပါတယ်” ဟု ၎င်းက ပြောခဲ့သည်။

တရားမဝင် ဓာတ်အားသုံးစွဲမှုများကို ဒေသအသီးသီးတွင် စစ်ဆေးခဲ့ရာ ၂၀၁၇ ခုနှစ် ဇန်နဝါရီလတွင် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်း (တောင်နှင့် မြောက်)၊ စစ်ကိုင်း၊ တနင်္သာရီ၊ ပဲခူး (အရှေ ့နှင့် အနောက်)၊ မကွေး၊ ဧရာဝတီနှင့် နေပြည်တော် ဒေသ အသီးသီးတို့တွင် ၃၀၀၄၈ ဦးတို့ကို စစ်ဆေးနိုင်ခဲ့ပြီး ဓာတ်အား ယူနစ် ၁၀၅၃၉၀ ဆုံးရှုံးခဲ့ရာ လျော်ကြေးငွေ စုစုပေါင်း ၁၁,၆၄၉,၇၅၀ ကျပ် ရရှိခဲ့ပြီး နေပြည်တော် ကောင်စီနယ်မြေတွင် နစ်နာကြေး အများဆုံး ရရှိခဲ့ကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် တရားမဝင် ဓာတ်အား သုံးစွဲမှု ၂၅ မှု ရှိပြီး နစ်နာကြေးငွေ ၅၂,၈၈၈,၈၁၀ ကျပ် ရရှိခဲ့ကြောင်း လည်း ၎င်းက ရှင်းပြခဲ့သည်။

တရားမဝင် ဓာတ်အား သုံးစွဲသူများအနက် တိုက်ရိုက် ခိုးယူ သုံးစွဲမှုမှာ အများဆုံး ဖြစ်ပြီး ဝန်ပို၊ ဆင့်ပွား၊ ရှန့်လင့်ခွာ၊ မီတာ ခွထောက်၊ ကာဗာဆီးလ် ဖြုတ် သုံးစွဲခြင်းများနှင့် အိမ်သုံး မီတာဖြင့် စီးပွားရေးလုပ်ခြင်း စသည့်ဓာတ်အား သုံးစွဲမှုများကို စစ်ဆေး တွေ့ရှိရကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.