Connect with us

Science & Technology

First Global Robotics Olympics 2019 ပြိုင်ပွဲသို့ မြန်မာနိုင်ငံကိုယ်စားပြု ကျောင်းသား ကျောင်းသူလူငယ်များ ၀င်ရောက်ယှဉ်ပြိုင်မည်

First Global Robotics Olympics 2019 ပြိုင်ပွဲသို့ မြန်မာနိုင်ငံကိုယ်စားပြုအဖွဲ့အားတွေ့ရစဉ် (ဓာတ်ပုံ--ဖန်တီးရာ)

ရန်ကုန်၊ အောက်တိုဘာ ၁၉ ရက် (ဆင်ဟွာ) 

အာရပ်စော်ဘွားများနိုင်ငံ ဒူဘိုင်းမြို့၌ အောက်တိုဘာ ၂၃ ရက်မှ ၂၇ ရက်အထိ ကျင်းပ မည့် ကမ္ဘာ့အဆင့် စက်ရုပ်အိုလံပစ်ပြိုင်ပွဲ (First Global Robotics Olympics 2019) သို့ မြန်မာနိုင်ငံကိုယ်စားပြု ကျောင်းသား ကျောင်းသူလူငယ်များ ၀င်ရောက်ယှဉ်ပြိုင်မည် ဖြစ်ကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲနှင့်ပတ်သက်၍ စာနယ်ဇင်း ရှင်းလင်းပွဲကို အောက်တိုဘာ ၁၈ ရက် ညနေ ၅ နာရီက ရန်ကုန်မြို့ ပန်းဘဲတန်းမြို့နယ် အမှတ် ၆၂၈ / ၆၃၆ ၁၀ လွှာရှိ ဖန်တီးရာရုံး၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ ဖန်တီးရာမှ Jes Kaliebe Petersen က မြန်မာအသင်း သွားရောက် ယှဉ်ပြိုင်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားပြီး ရန်ကုန်တိုင်းဒေသကြီး ကရင်တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီး နော်ပန်းသဉ္ဇာမျိုးက ကျေးဇူးတင်စကား ပြောကြားသည်။

ဆက်လက်၍ သွားရောက်ယှဉ်ပြိုင်မည့် ကျောင်းသားကျောင်းသူများက စက်ရုပ်စမ်းသပ် မောင်းနှင်ပြသကြသည်။ ယခုပြိုင်ပွဲတွင် Ocean Opportunities အမည်ရ ခေါင်းစဉ်နှင့် ကမ္ဘာ့ သမုဒ္ဒရာသယံဇာတ ညစ်ညမ်းမှုနှင့် ကမ္ဘာ တစ်ဝန်းတွင် အမှန်တကယ်ကြုံတွေ့နေရသော စိန်ခေါ်မှုတစ်ရပ်ဖြစ်သည့် ပင်လယ်သမုဒ္ဒရာ သန့်ရှင်းရေးလုပ်ဆောင်မှုကို သရုပ်ပြယှဉ်ပြိုင် ရမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲ၌ မြန်မာအသင်းတွင် ထူးချွန်ကျောင်းသား ကျောင်းသူ ခြောက်ဦး ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး နိုင်ငံပေါင်း ၂၀၀ ကျော် ပါ၀င်ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း သိရ သည်။  (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.