Science & Technology
စက်သုံးဆီအရည်အသွေးစစ်ဆေးရန် ISO လက်မှတ်ရ ဓာတ်ခွဲခန်း တည်ထောင်နိုင်ရေး အကျိုးတူ ပူးပေါင်း ဆောင်ရွက်သွားမည်

ရန်ကုန်၊မတ် ၁၁ ရက် (ဆင်ဟွာ)
စက်သုံးဆီ အရည်အသွေးစမ်းသပ်စစ်ဆေးခြင်းလုပ်ငန်းကို ကျယ်ပြန့်စွာဆောင်ရွက်သွားနိုင်ရန် မြန်မာ့ ရေနံထွက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်းနှင့် မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်းရောင်းချဖြန့်ဖြူးရေး အသင်းတို့ နိုင်ငံတကာအသိအမှတ်ပြု ISO လက်မှတ်ရ ဓာတ်ခွဲခန်း တည်ထောင်နိုင်ရေး အကျိုးတူ ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာနမှ မတ်လ၁၀ရက်နေ့တွင်သတင်းထုတ်ပြန်သည်။
စွမ်းအင်ဝန်ကြီးဌာနမှ တာဝန်ရှိသူက “တချို့စက်သုံးဆီတွေက အရည်အသွေးမပြည့်ဘူးဆိုပြောကြတာတွေ ရှိတယ်။ နိုင်ငံတကာအသိအမှတ်ပြုဓာတ်ခွဲခန်း တည်ထောင်ရင် ဒီကိစ္စလည်း ပြေလည်မယ်လို့ထင်ပါတယ်’’ ဟုဆင်ဟွာကိုပြောသည်။
တစ်နိုင်ငံလုံးရှိ စက်သုံးဆီအရောင်းဆိုင်များ၏ စက်သုံးဆီအရည်အသွေးများကို စစ်ဆေးလျက်ရှိသော Mobile Fuel Lab ယာဉ် (၆) စီးအား ဒီဇယ်ဆီနှင့် ဓာတ်ဆီ အမျိုးအစား (၂) မျိုးစလုံး ဓာတ်ခွဲစမ်းသပ်နိုင်ရေး စက်ပစ္စည်း ကိရိယာများ အဆင့်မြှင့်တင်တပ်ဆင်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)