Connect with us

Science & Technology

ရန်ကုန်-မန္တလေးနှင့် မန္တလေး-မြစ်ကြီးနား လမ်းပိုင်းတို့တွင် တင်ဒါ အောင်မြင်ပြီးသော ကုမ္ပဏီ နှစ်ခုမှ ဆီလုံး ရထားများ ပြေးဆွဲသွားမည်

မြန်မာ့မီးရထား တစ်စီးအားတွေ့ရစဉ် (ဓာတ်ပုံ-MOI)

ရန်ကုန်၊ မတ် ၉ ရက် (ဆင်ဟွာ)

ရထားပို့ဆောင်ရေး ဝန်ကြီးဌာန မြန်မာ့မီးရထားနှင့် ပုဂ္ဂလိက ကုမ္ပဏီများ အကျိုးတူ ပူူးပေါင်း၍ ကုန်ရထားများ ပြေးဆွဲခြင်း လုပ်ငန်း စီမံကိန်းကို အကောင် အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ရာ ကနဦး အနေဖြင့် ရန်ကုန်-မန္တလေးနှင့် မန္တလေး-မြစ်ကြီးနား လမ်းပိုင်းတို့တွင် တင်ဒါ အောင်မြင်ပြီးသော ကုမ္ပဏီ နှစ်ခုက ဆီလုံး ရထားများ ပြေးဆွဲသွားမည် ဖြစ်ကြောင်း ရထားပို့ဆောင်ရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးမြင့်သိန်းက ပြောသည်။

တင်ဒါအောင် ကုမ္ပဏီများ အနေဖြင့် ဆီလုံးရထားမျာ းပြေးဆွဲနိုင်ရေး ရထား ခေါင်းတွဲများနှင့် ကုန်တင်တွဲများ ဝယ်ယူပြီး ရင်းနှီးမြှုပ်နှံခဲ့ရာAsia Sun Logistics က အမေရိကန် ဒေါ်လာ ၁၄ သန်းကျော် နှင့် Resources Group of Logistics က အမေရိကန်ဒေါ်လာ ၉.၂ သန်း ရင်းနှီးမြှုပ်နှံထားကြောင်း သိရသည်။

မြန်မာ့မီးရထား အနေဖြင့် ကုန်ပစ္စည်းများအား ရထားဖြင့် တင်ပို့လျက် ရှိရာ ၂ဝ၁၁-၂ဝ၁၂ ခုနှစ်က ကုန်တန်ချိန် ၃.၅၈ သန်း တင်ပို့နေရာမှ ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာနှစ်တွင် ကုန်တန်ချိန် ၂.၂၈ သန်းသာ တင်ပို့နိုင် ခဲ့ရာ စက်ခေါင်းနှင့် ကုန်တွဲများ သက်တမ်းလွန် အားနည်းလာမှုကြောင့် ကုန်တန် ချိန်တင်ပို့မှု လျော့ကျခဲ့ပြီး ယခုကဲ့သို့ ပုဂ္ဂလိကနှင့် အကျိုးတူ ပူးပေါင်းဆောင် ရွက်ရခြင်းဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.