Science & Technology
မြန်မာ့စီးပွားရေးဘဏ် အနေဖြင့် မိုဘိုင်းဖုန်းဖြင့် ထုတ်ယူနိုင်သည့်မိုဘိုင်းငွေပေးချေစနစ် ဝန်ဆောင်မှု လုပ်ငန်း ဆောင်ရွက်ပေးလျက်ရှိ
ရန်ကုန်၊ သြဂုတ် ၁ ရက် (ဆင်ဟွာ)
မြန်မာ့စီးပွားရေးဘဏ်သည် မြန်မာစီးပွားရေးကော်ပိုရေးရှင်း၊ အင်းဝဘဏ် လီမိတက်၊ Myanmar Mobile Money (MMM) နှင့် အကျိုးတူပူးပေါင်းကာ Mobile Payment (မိုဘိုင်းငွေပေးချေနိုင်) သော ဝန်ဆောင်မှုလုပ်ငန်းကို ချင်းပြည်နယ်မှအပ နေပြည်တော်နှင့် ကျန်တိုင်းဒေသကြီး၊ ပြည်နယ်များရှိ မြန်မာ့ စီးပွားရေး ဘဏ်၊ ခရိုင်နှင့် မြို့နယ်ဘဏ်ခွဲ (၂၆၃) ဘဏ်တွင် Cash in (ငွေသား လက် ခံပေးခြင်း)၊ Cash out (ငွေသား ထုတ်ပေးခြင်း)၊Top-up (တယ်လီ ဖုန်းပြောဆိုခ ဖြည့်တင်းပေးခြင်း)၊ Pension Payment (အငြိမ်းစားလစာ ထုတ်ပေးခြင်း) တို့ကို အေးဂျင့်အဖြစ် ဆောင်ရွက်ပေးလျက်ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏ ထုတ်ပြန်ချက်အရသိရသည်။
MPT, MECTel Sim Card အသုံးပြုသူ ပြည်သူများနှင့် အငြိမ်းစားများ သည် မိုဘိုင်းဖုန်းအသုံးပြု၍ မိုဘိုင်းဝန်ဆောင်မှုစနစ် ချိတ်ဆက်ခြင်းဖြင့် မြန်မာ့ စီးပွားရေးဘဏ်၊ ဘဏ်ခွဲ (၂၆၃) ဘဏ်ရှိ Point of Sale (POS) စက်တွင် လည်းကောင်း၊MMM က ခန့်အပ်ထားသော ပြင်ပအေးဂျင့်များရှိ POSစက်တွင် လည်းကောင်း ထုတ်ယူနိုင်ပြီး ကိုယ်တိုင် အငြိမ်းစား လစာဖြစ် ပါက ခြောက်လတစ်ကြိမ်၊ မိသားစုအငြိမ်းစားလစာဖြစ်ပါက သုံးလ တစ်ကြိမ် လူတွေ့စစ်ဆေးခံရန် လိုအပ်ပြီး မိမိတို့၏ မိုဘိုင်းဖုန်း အတွင်းသို့ အငြိမ်းစားလစာထည့်သွင်းပေးရန်Standing Instruction ပေးထားခြင်းဖြင့် ဘဏ်သို့ အကြိမ်ကြိမ်လာရောက်ရန်မလိုဘဲ အငြိမ်းစား ဆန္ဒ ရှိသည့် ငွေပမာဏကို အလီလီထုတ်ယူနိုင်သည့်အပြင် ခရီးသွားနေ စဉ်ဖြစ်ပါက မိမိရောက်ရှိရာနေရာဒေသရှိ နီးစပ်ရာ မည်သည့်မြန်မာ့ စီးပွားရေး ဘဏ်ခွဲ (သို့မဟုတ်)MMM မှ ခန့်အပ်ထားသော ပြင်ပအေးဂျင့် တို့တွင် အလွယ်တကူထုတ်ယူနိုင်မည် ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)