Connect with us

Science & Technology

YBSတွင် အမျိုးသမီးယာဉ်မောင်းများ လုပ်ကိုင်လိုပါက အထူးယာဉ်မောင်းသင်တန်းသို့ လာရောက်လျှောက်ထားနိုင်

YBS ၃၇ ယာဉ်လိုင်းတစ်စီးအားတွေ့ရစဉ် (ဓာတ်ပုံ--အင်တာနက်)

ရန်ကုန်၊ ဇူလိုင် ၂၇ ရက် (ဆင်ဟွာ)

YBS ယာဉ်လိုင်းများတွင် အမျိုးသမီးယာဉ်မောင်းများ ဝင်ရောက် လုပ်ကိုင်ရန် စိတ်ဝင်စားပါက YBSအထူးယာဉ်မောင်း သင်တန်းသို့ လာရောက်လျှောက်ထားနိုင်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူ ပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာ ပိုင်အဖွဲ့ အတွင်းရေးမှူး ဒေါက်တာ မောင်အောင်က ပြောသည်။

YBS ယာဉ်လိုင်းများတွင် အစိုးရ အစီအစဉ်နှင့် ပုဂ္ဂလိကအစီအစဉ်တို့ ဖြင့် ယာဉ်အသစ် အစီး ၂ဝဝဝ ကျော် ရောက်ရှိနေပြီး ကျွမ်းကျင်ယာဉ်မောင်း များစွာလိုအပ်နေသည့်အတွက်YBSအထူးယာဉ်မောင်းသင်တန်းကို စတင် ဖွင့်လှစ်လျက်ရှိရာ စိတ်ပါဝင်စားသော အမျိုးသမီး ယာဉ်မောင်းများအနေဖြင့် လည်း သင်တန်းတက်ရောက်ရန် လာရောက်လျှောက်ထားပါက ဆောင် ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေး နှင့် ရန်ကုန်တိုင်းဒေသကြီး သယ်ယူ ပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့(YRTA)တို့ ပူးပေါင်း ၍YBS အထူးယာဉ်မောင်းသင်တန်း အပတ်စဉ်(၁)ကို ဇူလိုင် ၁၇ ရက် က စတင်ဖွင့်လှစ်ခဲ့ပြီး လာရောက် လျှောက်ထားသူ ၄ဝဝ ကျော်အထိရှိ ခဲ့ကာ သင်တန်းအပတ်စဉ်(၁)တွင် ယာဉ်မောင်း ၁ဝ၅ ဦးဖြင့် စတင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

အဆိုပါ လာရောက်လျှောက်ထား သူများသည် ခရီးသည်တင်ယာဉ်ကြီး မောင်းနှင်နိုင်မှုရှိ၊ မရှိ၊ ကျန်းမာရေး၊ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးတို့ အပါ အဝင် ကနဦးစစ်ဆေးချက်များ အောင်မြင်မှသာ သင်တန်းသို့ တက်ရောက်ခွင့်ရခြင်းဖြစ်ပြီး ယာဉ် မောင်းလိုင်စင် အနိမ့်ဆုံး (ခ)လိုင်စင် သုံးနှစ်သက်တမ်းနှင့် အထက်ရှိသော ယာဉ်မောင်းများကိုသာ လက်ခံသည် ဟု သိရသည်။ ယင်းသို့ လာရောက် လျှောက်ထားမှုများတွင် အမျိုးသမီး ယာဉ်မောင်းများ မပါဝင်သော် လည်း စိတ်ပါဝင်စားသူများအနေဖြင့် လာရောက်လျှောက်ထားနိုင်ပြီး ဆက် လက်ဖွင့်လှစ်မည့် သင်တန်းများတွင် လက်ခံပေးသွားမည်ဟု သိရသည်။

အဆိုပါ သင်တန်းတွင် အောင်မြင် သူများကို သင်တန်းဆင်းအောင် လက်မှတ် ချီးမြှင့်ပေးသွားမည်ဖြစ်ပြီး အင်္ဂလိပ်- မြန်မာ နှစ်ဘာသာဖြင့် နိုင်ငံတကာအသိအမှတ်ပြု ယာဉ်မောင်း သင်တန်းဆင်းလက်မှတ် ထုတ်ပေး မည်ဖြစ်ကြောင်း သိရသည်။ ယင်း အပြင် သင်တန်းအောင်မြင်သော ယာဉ်မောင်းများကိုYBSယာဉ်လိုင်း များတွင် မောင်းနှင်နိုင်ရန် ယာဉ်လိုင်း ကုမ္ပဏီများက အလုပ်ခန့်အပ်သွား မည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.