Science & Technology
YBS ယာဉ်လိုင်း အများပိုင်ကုမ္ပဏီ ရှစ်ခုဖြင့်သာ ပြန်လည် ဖွဲ့စည်းမည်
ရန်ကုန်၊ အောက်တိုဘာ ၂၅ ရက် (ဆင်ဟွာ)
ရန်ကုန်မြို့၌ အများပိုင် ယာဉ်လိုင်းစနစ် ဆောင်ရွက်ရန် ကုမ္ပဏီများ ဖွဲ့စည်းလျက်ရှိရာ ယခုအချိန်ထိ ကုမ္ပဏီ ၁၇ ခုရှိသော်လည်း ပြန်လည်စိစစ်၍ ကုမ္ပဏီရှစ်ခုသာထားရှိရန် စီစဉ်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) အတွင်းရေးမှူး ဒေါက်တာမောင်အောင်ထံမှ သိရသည်။
ယခုအခါ အများပိုင်ကုမ္ပဏီအဖြစ် ဖွဲ့စည်းထားသော ကုမ္ပဏီ ၁၇ ခုရှိနေပြီး အများပိုင် ဖွဲ့စည်းရန် ကြိုးပမ်းနေသော ကုမ္ပဏီ ၁၅ ခုရှိကြောင်း သိရသည်။ ယခုအခါ အဆိုပါကုမ္ပဏီ ၁၇ ခုကို တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ခန့်အပ်ထားသည့် CEO ကိုယ်တိုင်ဦးဆောင်၍ ကုမ္ပဏီများ၏ ရှယ်ယာထည့်ဝင်သည့် ငွေပမာဏနှင့် စာရင်းများကို စိစစ်ဆောင်ရွက်လျက်ရှိပြီး အများပိုင် ကုမ္ပဏီရှစ်ခုဖြင့်သာ လုပ်ဆောင်မည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်တွင်ပါရှိသည်။ (Xinhua)