Connect with us

Science & Technology

MPT က CSR လုပ်ငန်းများအတွက် သုံးနှစ်ခန့်အတွင်း ကျပ် နှစ်ဘီလျံကျော် သုံးစွဲခဲ့ဟုဆို

KSGM Joint Operation ၏ လုပ်ငန်းလည်ပတ်မှု ဌာနကြီး၏ အရာရှိချုပ် Mr. Yoshiaki Benino အဖွင့် အမှာစကား ပြောကြားစဉ်။ (ဆင်ဟွာ)

မန္တလေး၊ အောက်တိုဘာ ၂၈ ရက် (ဆင်ဟွာ)

မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း၏ လူမှု အကျိုးပြု လုပ်ငန်းများအား ဆောင်ရွက်လျက်ရှိရာ MPT – KSGM Joint Operation သည် ပြီးခဲ့သည့် သုံးနှစ်ခန့်အတွင်း (၂၀၁၅ နှစ်ဆန်းမှ ယနေ့အထိ) ကျပ်သန်း နှစ်ထောင်ကျော် (နှစ်ဘီလျံကျော်) သုံးစွဲခဲ့သည်ဟု ၎င်း Operation ၏ လုပ်ငန်းလည်ပတ်မှု ဌာနကြီး၏ ဒုတိယ အရာရှိချုပ်၊ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း၊ စီမံရေးရာနှင့် ဥပဒေရေးရာ ဌာနကြီး ၏ အထွေထွေမန်နေဂျာ ဦးနိုင်ကိုကိုက အောက်တိုဘာ ၂၈ရက် ညပိုင်း သတင်းစာ ရှင်းလင်းပွဲတွင် ပြောခဲ့သည်။

“MPT က လူမှု အကျိုးပြု လုပ်ငန်းတွေအတွက် ၂၀၁၅ ခုနှစ်ကနေ ဒီနေ့အထိ ကျပ် သန်း နှစ်ထောင် ကျော် သုံးစွဲခဲ့ပါတယ်” ဟု ယမန်နေ့ ညပိုင်း မန္တလေးမြို့ မဟာချိုင်စားတော်ဆက်တွင် ပြုလုပ်သော MPT ၏ “သန့်ရှင်း ခေတ်မီ ရှေ့ သို့ ချီ” အစီအစဉ် မိတ်ဆက်ပွဲတွင် ၎င်းက ပြောခဲ့ခြင်း ဖြစ်သည်။

KSGM Joint Operation ၏ လုပ်ငန်းလည်ပတ်မှု ဌာနကြီး၏ ဒုတိယ အရာရှိချုပ်၊ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း၊ စီမံရေးရာနှင့် ဥပဒေရေးရာ ဌာနကြီး၏ အထွေထွေမန်နေဂျာ ဦးနိုင်ကိုကို အမှာစကား ပြောကြားစဉ်။ (ဆင်ဟွာ)

KSGM Joint Operation မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း၏ တိုင်းဒေသကြီး မန်နေဂျာ ဦးဌေးလှ အမှာစကား ပြောကြားစဉ်။ (ဆင်ဟွာ)

MPT Joint Operation မှ အရာရှိကြီးများနှင့် မီဒီယာများ အမှတ်တရ ဓာတ်ပုံရိုက်ကူးစဉ်။ (ဆင်ဟွာ)

CSR လုပ်ငန်းများတွင် ကျေးလက်ပြည်သူများအတွက် သန့်ရှင်းသည့် သောက်သုံးရေ ရရှိရေး ဆောင်ရွက်ပေးခြင်း၊ ကျန်းမာရေး ဝန်ထမ်းများအတွက် ဆက်သွယ်ရေး နည်းပညာ ဆိုင်ရာ ဝန်ဆောင်မှု ပေးခြင်း၊ လူငယ်များ အိုင်တီ နည်းပညာနှင့် ဒစ်ဂျစ်တယ် ပညာ တတ်မြောက်ရေး အတွက် သုံးစွဲမှုများ ပါဝင်ပြီး ရေဘေးသင့် ပြည်သူများအတွက် ကျပ် သိန်းသုံးထောင်၊ ငလျင်ဒဏ်သင့် သာသနိက အဆောက်အအုံများအတွက် ကျပ် သိန်း ၁၆၀၀ ကျော်၊ မြန်မာ့ ယဉ်ကျေးမှု နှင့် နှစ်သစ် ကူး အလှူအတွက် ကျပ် သိန်း နှစ်ထောင်ကျော် သုံးစွဲမှုများလည်း ပါဝင်ကြောင်းနှင့် MPT က SMSဖြင့် အလှူခံလျက်ရှိသည့် ရခိုင်ပြည်နယ် ပြန်လည်ထူထောင်ရေးနှင့် ဖွ ံ့ဖြိုးရေး အလှူငွေမှာ ယနေ့အထိ ကျပ် သိန်း ၄၆၀ ကျော် ရရှိပြီးဖြစ်ကြောင်း ၎င်းက ရှင်းပြခဲ့သည်။

MPT ၏ “သန့်ရှင်း ခေတ်မီ ရှေ့ သို့ ချီ” အစီအစဉ်အရ MPT သည် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ ပဲခူး၊ မော်လမြိုင် နှင့် ပုသိမ်မြို့များတွင် အမှိုက်ကောက်လုပ်ငန်းများကို သက်ဆိုင်ရာ မြို့တော် စည်ပင် သာယာရေး ကော်မတီ၊ မြို့ခံ ပြည်သူများနှင့် ပူးပေါင်းပြီး ၂၀၁၇ အောက်တိုဘာ ၂၉ ရက် တနင်္ဂနွေ နံနက် ၇ း ၀၀ နာရီမှ ၁၀ း ၀၀ နာရီအထိ ဆောင်ရွက်သွားမည်ဟု သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.