Social
ကျေးရွာ မီးလင်းရေး ယခုဘဏ္ဍာနှစ် အတွင်း ခွင့်ပြု ရန်ပုံငွေကျပ် ၄၁.၂၂၇ ဘီလီယံဖြင့် ဆောင်ရွက်သွားမည်
ရန်ကုန် ၊ မေ ၁၉ ရက် (ဆင်ဟွာ)
ယခု ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် အတွင်း ကျေးရွာ မီးလင်းရေး အတွက် ဆိုလာ စွမ်းအင်နှင့် အသေးစား ရေအား လျှပ်စစ် စနစ်များ အသုံးပြု၍ ကျေးရွာပေါင်း ၂,၀၉၆ ရွာတွင် လုပ်ငန်းပေါင်း ၁၃၈,၈၅၀ အတွက် ခွင့်ပြု ရန်ပုံငွေကျပ် ၄၁. ၂၂၇ ဘီလီယံဖြင့် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း စိုက်ပျိုးရေး ၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ အောင်သူက ပြောသည်။
ထ့ိုအတူ အမျိုးသား လျှပ်စစ် မီးလင်းရေး စီမံချက်အရ ကမ္ဘာ့ဘဏ်မှ အမေရိကန် ဒေါ်လာ သန်း ၄၀၀ ထဲမှ မဟာဓာတ်အားလိုင်း ပြင်ပ ကျေးလက် မီးလင်းရေး အတွက် အမေရိကန် ဒေါ်လာ သန်း ၉၀ အသုံးပြုသွားမည် ဖြစ်ကြောင်း သိရသည်။ ကျေးလက် မီးလင်းရေး လုပ်ငန်းများအတွက် ၂၀၁၂-၂၀၁၃ မှ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေး နှစ်အတွင်း နိုင်ငံတော်မှ ရန်ပုံငွေ ကျပ် ၈၆.၃၀ ဘီလီယံဖြင့် ကျေးရွာပေါင်း ၅,၀၉၂ မှ အိမ်ထောင်စု ၅.၀၂ သိန်း ၊ လူဦးရေ ၂.၂၈ သန်းအတွက် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ (Xinhua)