Connect with us

Social

ကရင်ပြည်နယ် အတွင်းရှိ တံတားများ ၂၄ နာရီ ဖြတ်သန်း ခွင့်ပြု

သံလွင် တံတား (ဘားအံ) အားတွေ့ရစဉ် (ဓာတ်ပုံ-MOI)

ရန်ကုန်၊ မေ ၁၈ ရက် (ဆင်ဟွာ)

ကရင်ပြည်နယ် အတွင်းရှိ ချစ်ကြည်ရေး တံတား (မြဝတီ) နှင့် မြဝတီ ကုန်သွယ်ရေးဇုန်မှ အပ အဓိက ဆက်သွယ်ရေး လမ်းကြောင်းပေါ်ရှိ ကျန်တံတားများအား မေလ ၁၈ ရက်မှ စ၍ ၂၄ နာရီ ဖွင့်လှစ်၍ ဖြတ်သန်း သွားလာခွင့် ပြုလိုက်ကြောင်း ကရင်ပြည်နယ် အစိုးရအဖွဲ့ထံမှ သိရသည်။

အဆိုပါ ၂၄ နာရီ ဖွင့်လှစ်ပေးလိုက်သော တံတားများသည် သံလွင်တံတား (ဘားအံ)၊ ဂျိုင်း (ဇာသပြင်) တံတား၊ ဂျိုင်း (ကော့ကရိတ်) တံတား၊ ဒုံသမိ တံတားတို့ ဖြစ်ပြီး ကရင်ပြည်နယ်၏ အဓိက ကုန်စည်စီးဆင်းရာ ဆက်သွယ်ရေး လမ်းကြောင်းပေါ်တွင် ရှိသည့် တံတားများ ဖြစ်သည်။
ယင်းတံတားများကို ၂၄ နာရီဖြတ်သန်းခွင့် ပေးလိုက်ခြင်းဖြင့် တံတား ဖွင့်ချိန်၊ ပိတ်ချိန် တွက်ချက် မောင်းနှင်ရန် မလိုအပ်ဘဲ အများပြည်သူများ အချိန်မရွေး ဖြတ်သန်းနိုင်ကြောင်း၊ အစိုးရလက်ထက် ရက် ၁၀၀ ကာလ အတွင်း ကုန်သွယ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး ကိစ္စရပ်များ အတွက် ရာသီမရွေး အချိန်မရွေး ဆက်သွယ် သွားလာနိုင်ပြီး ပြည်နယ် ဖွံ့ဖြိုး တိုးတက်ရေး အတွက် တစ်ဖက် တစ်လမ်း အကျိုးပြုလျက် ရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.