Connect with us

Social

စားဖိုမှူးသင်ရိုးညွှန်းတမ်းထွက်ရှိစေရန် ဆောင်ရွက်မည်

စားဖိုမှူးသင်တန်းတစ်ခုအားတွေ့ရစဉ် (ဓာတ်ပုံ-- MOI)

ရန်ကုန၊် ဇူလိုင် ၂၂ ရက် (ဆင်ဟွာ)

နိုင်ငံတကာ၌ စားဖိုမှူးပညာရပ်ကို သင်ရိုးညွှန်းတမ်းစာအုပ်များဖြင့် သင်ကြားပေးလျက်ရှိသော်လည်း မြန်မာနိုင်ငံ၌ယင်းကဲ့သို့ သင်ရိုးညွှန်းတမ်းမရှိသဖြင့်အနာဂတ်တွင် စားဖိုမှူးသင်ရိုးညွှန်းတမ်း ထွက်ရှိလာ စေရန် မြန်မာစားဖိုမှူးများ ဖွံ့ဖြိုးတိုးတက်ရေးစင်တာ (MCDC) အနေဖြင့် ပညာရေးဝန်ကြီးဌာနသို့ တင်ပြ ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် MCDC သည် စားဖိုမှူးများစွာကို မွေးထုတ်ပေးနေပြီး အာဆီယံနိုင်ငံအသိအမှတ်ပြု အောင်လက်မှတ်များ ထုတ်ပေးနေသည့်အပြင် အလုပ်အကိုင်ကောင်းများရရှိစေရေး ချိတ်ဆက်ပေးလျက် ရှိသည့် စင်တာတစ်ခုဖြစ်သည်။

စားဖိုမှူးသင်ရိုးညွှန်းတမ်းကို ပညာရေးဝန်ကြီးဌာနသို့တင်ပြရန် အာဆီယံနိုင်ငံများ၌ သင်ကြားနေသည့် စားဖိုမှူးသင်ရိုးညွှန်းတမ်းများကိုအခြေခံကာ သင်ရိုးညွှန်းတမ်းရေးဆွဲနေကြောင်း အစိုးရသတင်းဌာန တွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.