Connect with us

Social

နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အနာဂတ်အတွက် အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်များ၏ အခန်းကဏ္ဍကို မြှင့်တင်ရန်လိုအပ်ကြောင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ပြောကြား

ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း အမှာစကားပြောကြားစဉ် (ဓာတ်ပုံ--YRG)

ရန်ကုန်၊ မတ် ၁၇ ရက် (ဆင်ဟွာ)

နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံ၏အနာဂတ်အတွက် အမျိုးသမီးများ၊ လူငယ်များနှင့် ကလေးသူငယ်များ၏ အခန်းကဏ္ဍသည် အရေးအကြီးဆုံး အခန်းကဏ္ဍတွင် ရှိသည့်အတွက် ယင်းအခန်းကဏ္ဍများအား မြှင့်တင်ရန် လိုအပ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။

မြန်မာနိုင်ငံဆိုင်ရာ အမျိုးသမီးများကော်မတီနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ကြီးမှူးကျင်းပသည့် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့“အမျိုးသမီးများဘဝမြှင့်တင်ဖို့ ကျေးလက်နှင့် မြို့ပြတက်ကြွလှုပ်ရှားသူများ ပူးပေါင်းလို့ ယခုပင်ကြိုးပမ်းကြပါစို့”ကို ဂုဏ်ပြုသောအားဖြင့် “ရင်ခွင်မဲ့ကလေးများလျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေး အသိပညာပေးလှုပ်ရှားမှု” ရန်ပုံငွေပွဲတော်ကြီးနှင့် ဈေးရောင်းပွဲတော် ဖွင့်ပွဲအခမ်းအနားကို ရန်ကုန်မြို့၊ပြည်သူ့ရင်ပြင်တွင် ယနေ့နံနက် ၈ နာရီအချိန်က ကျင်းပခဲ့ရာ ယင်းအခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အမှာစကားပြောကြားရာတွင် အထက်ပါအတိုင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

အမှာစကားပြောကြားရာတွင် ဝန်ကြီးချုပ်က “ကျွန်တော်တို့ အစိုးရအဖွဲ့အသစ်အနေနဲ့ အမျိုးသမီးများရဲ့ အခန်းကဏ္ဍနဲ့ လူငယ်တွေရဲ့ အခန်းကဏ္ဍအပေါ်မှာ အလွန်အင်မတန် စိတ်ဝင်စားပါတယ်။ နိုင်ငံရဲ့ဖွံ့ဖြိုးတိုးတက်ရေးနဲ့ နိုင်ငံရဲ့အနာဂတ်အတွက်ဆိုရင် အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍဟာ အရေးအကြီးဆုံး အခန်းကဏ္ဍမှာ ရှိပါတယ်။ လူငယ်တွေရဲ့အခန်းကဏ္ဍကလည်း အရေးအကြီးဆုံးအခန်းကဏ္ဍမှာ ရှိပါတယ်။ လူငယ်တွေ၊ အမျိုးသမီးတွေရဲ့အခန်းကဏ္ဍကို ကျွန်တော်တို့မမြှင့်တင်နိုင်ဘူးဆိုရင် ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ အနာဂတ်ဟာ မသေချာနိုင်ဘူး ဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ အစိုးရအဖွဲ့အသစ် တာဝန်ယူပြီး (၂) နှစ် ကာလအတွင်းမှာ အမျိုးသမီးတွေနဲ့ပတ်သက်ပြီး အခုလို အသိပညာပေးတဲ့ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ အခမ်းအနားပွဲကြီးကို ရန်ကုန်မြို့၊ ပြည်သူ့ရင်ပြင်မှာ ကျင်းပဆောင်ရွက်နိုင်ခြင်းအတွက် အလွန်အင်မတန်ဝမ်းသာပါတယ်။ ပါဝင်ကူညီဆောင်ရွက်ပေးတဲ့ သူတွေ အားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့ ဒီနေ့အခမ်းအနားပွဲမှာ အသိပညာပေးမှုကို ဦးတည်ဆောင်ရွက်ထားတာတွေကို များစွာတွေ့မြင်ရမှာ ဖြစ်ပါတယ်။ ဒီနေ့အခမ်းအနားပွဲကို ရန်ကုန်တိုင်းမှာ အခုလို စတင်ကျင်းပဆောင်ရွက် လာတဲ့အတွက် ကျွန်တော့်အနေနဲ့ အလွန်အင်မတန် ဝမ်းသာပါတယ်။” ဟု ပြောကြားသည်။

ဆက်လက်ပြီး မိမိတို့ မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှု၊ မြန်မာနိုင်ငံတွင် ရှေ့ဆက်ပြီး အလားအလာကောင်းများ ဖြစ်နိုင်ရန် မိမိတို့မြန်မာနိုင်ငံ၏ ပညာရေးကို မြှင့်တင်ရမည် ဖြစ်ကြောင်း၊ ဆင်းရဲမွဲတေမှုများကို တိုက်ဖျက်မည်ဆိုလျှင် အရေးအကြီးဆုံးလက်နက်သည် ပညာရေးပင် ဖြစ်ကြောင်း၊ ပညာရေး၏ အခန်းကဏ္ဍအတွင်းတွင် အသိပညာပေးမှုများ များစွာလိုအပ်ကြောင်း ပြောကြားသည်။

“ဒါကြောင့် ဒီနေ့ပွဲမှာ အသိပညာပေးမှုတွေဟာ ရန်ကုန်မှာရှိတဲ့ လူမှုဘဝမှာ နေထိုင်နေကြတဲ့ အမျိုးသမီးငယ်လေးတွေရဲ့ ဘဝတွေ၊ စွန့်ပစ်ခံကလေးငယ်တွေရဲ့ဘဝတွေ၊ စွန့်ပစ်ခံခဲ့ကြရတဲ့ ကလေးငယ်ဘဝကနေ လမ်းပေါ်ကလေးတွေ အထိ ဖြစ်လာခဲ့ကြတဲ့ လူတွေရဲ့ဘဝတွေကို ဒီမှာ အသိပညာပေးမှုတွေ များစွာ တွေ့မြင်ရမှာ ဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်ပေးတဲ့အတွက် ပြည်ထောင်စု အစိုးရအဖွဲ့နဲ့ ဒီအစီအစဉ်တွေမှာ ဘက်ပေါင်းစုံက ကူညီဆောင်ရွက်ပေးတဲ့ သူတွေအားလုံးကို တိုင်းဒေသကြီးအစိုးရအဖွဲ့အနေနဲ့ အထူးပင် ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့ တိုင်းအတွင်းမှာ အခုလို အသိပညာပေးမှုကြောင့် တိုင်းအတွင်းမှာ ရှိတဲ့ အမျိုးသမီးငယ်တွေရဲ့ဘဝတွေ၊ လူငယ်တွေရဲ့ဘဝတွေ ဘက်ပေါင်းစုံကနေ ပြန်လည်ဖွံ့ဖြိုးတိုးတက်လာဖို့အတွက် တစ်ထောင့်တစ်နေရာကနေ ဒီနေ့ အခမ်းအနားဟာ များစွာ အထောက်အကူဖြစ်လိမ့်မယ်လို့ ယုံကြည်ပါတယ်။”ဟု ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

ယင်းအခမ်းအနားတွင် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက အဖွင့်စကားပြောကြားခဲ့သည်။ ၂၀၁၈ ခုနှစ်၊မတ်လ ၈ ရက်နေ့က ကျရောက်ခဲ့သော အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အတွက် ကုလသမဂ္ဂထံမှ သဝဏ်လွှာ လက်ခံရရှိထားပြီး အခမ်းအနားတွင် ယင်းသဝဏ်လွှာကို ဖတ်ကြားခဲ့သည်။

အခမ်းအနားသို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတကြီး၏ဇနီးဒေါ်စုစုလွင်၊ ဒုတိယသမ္မတ(၁)ဦးမြင့်ဆွေ၏ဇနီး၊ ဒုတိယသမ္မတ(၂) ဦးဟင်နရီဗန်ထီးယူ၏ဇနီး၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းနှင့် ဇနီးဒေါ်ခင်မိမိကြွယ်၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီးများ၊ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌနှင့်ဇနီး၊အစိုးရအဖွဲ့ဝန်ကြီးများနှင့်ဇနီးများ၊သံအမတ်ကြီးများ၏ဇနီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ တာဝန်ရှိသူများ၊ လူမှုအဖွဲ့အစည်းများနှင့် ဧည်သည့်တော်များ တက်ရောက်ခဲ့ကြသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.