Connect with us

Social

ဆင်အခြေပြုခရီးသွားလုပ်ငန်းအတွက် ပုလင်းကမ်းသာယာဆင်စခန်း မကြာမီဖွင့်လှစ်မည်

-ပုလင်းကမ်းသာယာဆင်စခန်း အတွက်ပြင်ဆင်နေမှုအားတွေ့ရစဉ် (ဓာတ်ပုံ--ကြေးမုံ)

ရန်ကုန်၊ မတ် ၁၇ ရက် (ဆင်ဟွာ)

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့နယ် ပုလင်းကျေးရွာအနီးတွင် ပုလင်းကမ်းသာယာဆင်အခြေပြု ခရီးသွားလုပ်ငန်း မကြာမီအချိန်တွင် ဖွင့်လှစ်တော့မည်ဖြစ် ကြောင်းသိရသည်။

အဆိုပါ ပုလင်းကမ်းသာယာဆင်စခန်းကို ညောင်ဦးမြို့ မှ ငါးမိုင်အကွာ ညောင်ဦး-ပခုက္ကူ-မြင်းခြံလမ်းမကြီး၏မြောက်ဘက် နှစ်ဖာလုံအကွာ ဧရာဝတီမြစ်ကမ်းဘေးတွင် ဖွင့်လှစ်ထားရှိမည်ဖြစ်ပြီး မြန်မာ့သစ်လုပ်ငန်းအနေဖြင့်ဆင်များအား စနစ်တကျ ထိန်းသိမ်းစောင့်ရှောက်လျက်ရှိ သည်ကို အများပြည်သူနှင့် ကမ္ဘာတစ်ဝန်းမှ လက်တွေ့ သိမြင်လာပြီး ဆင်များကို ပူးပေါင်းပါဝင်ထိန်းသိမ်းလာစေ ရန် ဆင်အခြေပြုခရီးသွားလုပ်ငန်းကို အမှီပြု၍ အနီး ပတ်ဝန်းကျင်မှ ကျေးရွာပြည်သူများ အလုပ်အကိုင်နှင့် စီးပွားရေးအခွင့်အလမ်းများတိုးတက်လာစေပြီး ဆင်များ နှင့်အနီးကပ် ထိတွေ့ခွင့်ရရှိကာ ဆင်နှင့်ပတ်သက်သော အသိပညာဗဟုသုတများ ရရှိစေပြီး ဆင်များကိုချစ်ခင်မြတ် နိုးလာစေရန်နှင့် ဌာနဝန်ထမ်းများအနေဖြင့် ဆင်များထိန်း သိမ်းစောင့်ရှောက်ရေး ကဏ္ဍတွင်သာမက ခရီးသွား လုပ်ငန်းဖြင့် ပြည်သူကိုဝန်ဆောင်မှုပေးသော လုပ်ငန်းများ တွင် သစ်လွင်သောစိတ်ကူးအကြံဉာဏ်ဖြင့် ကြံစည်လုပ် ကိုင်ဆောင်ရွက်လာစေကာပြည်တွင်းပြည်ပခရီးသွားစိတ်အပန်းဖြေအနားယူလည်ပတ်စရာနေရာတစ်ခုဖြစ်ပေါ်လာစေရန်စီစဉ်ဆောင်ရွက်ထားခြင်းဖြစ်ကြောင်း သိရသည်။

ပုဂံ-ညောင်ဦးဒေသသို့ လာရောက်လည်ပတ်သော ပြည်တွင်းပြည်ပခရီးသွားများအနေဖြင့် ပုဂံ-ညောင်ဦး ဒေသသည် အချိန်အခါမရွေးလာရောက် လည်ပတ်နိုင် သည့် နေရာဒေသဖြစ်သည်နှင့်အညီ ဆင်များထားရှိမည့် အဆောက်အအုံစတင်ဆောက်လုပ်လျက်ရှိပြီး အညာ ဒေသ၏ သင်္ကေတများဖြစ်သည့် ထန်းလုံးများ အမိုး အတွက် ထန်းရွက်များ အသုံးပြုသွားမည်ဖြစ်ကာ မတ်လ အတွင်း ဖွင့်လှစ်နိုင်ရန်ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။

ပုဂံဒေသသည် ပူပြင်းခြောက်သွေ့သဖြင့် အပူဒဏ် ကြောင့် ဆင်များအန္တရာယ်မဖြစ်စေရေးအတွက် ဆင်တင်း ကုပ်တွင် ရေပိုက်ခေါင်း (Sprinkler)များ တပ်ဆင် ပေးခြင်း၊ အရိပ်ကောင်းသော သဘာဝသစ်ပင်ကြီးများ အောက်တွင်ထားရှိကာ ဆင်းစီးချိန်၊ ဆင်ရေချချိန်၊ ဆင် ပြသချိန်များ စီစဉ်ဆောင်ရွက်ထားရှိသည်။ ပုဂံ-ညောင်ဦး ဒေသတွင် ဆင်စာအတွက် သဘာဝအစာရရှိရန် ခက်ခဲ သဖြင့် နေပီယာမြက် စိုက်ပျိုးရန် ပုလင်းကျေးရွာနှင့် နေပီယာမြက်စိုက်ပျိုးထားရှိပြီး ကျောက်ပန်းတောင်းမြို့နယ် ရွှေနဒီပရဟိတ ဘုန်းတော်ကြီးကျောင်းတို့တွင် ဆင်စာအတွက်နေပီယာမြက်များစိုက်ပျိုးလျက်ရှိပြီး တောင်သူ များသို့ နည်းပညာနှင့် မြက်မျိုးများ ဖြန့်ဝေပေးကာ ထွက်ရှိလာမည့် မြက်များကို တောင်သူများထံမှ ဝယ်ယူ၍ ဆင်များအား ကျွေးမွေးသွားမည်ဖြစ်သည်။ ဆင်တစ်ကောင် အတွက် တစ်ရက်လျှင် ဆင်စာငွေကျပ် ၁၂,ဝဝဝ ကုန်ကျမည်ဖြစ်ကာ ယခုအခါ ဆင်ယဉ် လေးကောင်ရောက်ရှိနေပြီး နှစ်ကောင်ထပ် ရောက်မည်ဖြစ်ကြောင်း ကြေးမုံသတင်းတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.