Social
နေရောင်ခြည်စွမ်းအင်သုံး လေယာဉ် တရုတ်နိုင်ငံသို့ ပြန်လည်ထွက်ခွာ

ရန်ကုန်၊ မတ် ၂၉ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံ မန္တလေးမြို့သို့ ရောက်ရှိနေသော ကမ္ဘာပတ် နေရောင်ခြည်စွမ်းအင်သုံး လေယာဉ်သည် မတ်လ (၃၀) ရက်နေ့၌ တရုတ်ပြည်သူ့ သမ္မတ နိုင်ငံသို့ ထွက်ခွာမည်ဖြစ်သည်။
ဆိုလာအင်းပတ်စ်(၂) (Solar Impulse 2) လေယာဉ်သည် မတ်လ (၂၉) ရက်နေ့တွင် မန္တလေးမှ ထွက်ခွာရန် စီစဉ်ခဲ့သော်လည်း ရာသီဥတု အခြေအနေကြောင့် ရက်ရွှေ့ဆိုင်းခဲ့ရပြီး မတ်လ (၃၀) ရက်နေ့၌ တရုတ်နိုင်ငံ ချုန်ကျင်း ခရီးစဉ်ကို ဆက်လက် ထွက်ခွာမည်ဖြစ်သည်။
အဆိုပါ လေယာဉ်သည် တရုတ်နိုင်ငံသို့ ပျံသန်းချိန် စုစုပေါင်း ၁၉ နာရီခန့် ကြာမြင့်မည်ဖြစ်ပြီး တရုတ်ပြည်ခရီးစဉ်အပြီး ပစိဖိတ်သမုဒ္ဒရာကို ဖြတ်ကာ ဟာဝိုင်ရီကို ဆက်လက် ပျံသန်းမည် ဖြစ်သည်။
ခရီးစဉ်အစအဆုံး မိုင် ၂၂,၀၀၀ ကို ဆွစ်ဇာလန်နိုင်ငံသား စွန့်ဦးတီထွင်သူများဖြစ်သည့် Bertrand Piccard နှင့် Andre Borschberg တို့က မောင်းနှင်ခြင်း ဖြစ်သည်။ (Xinhua)