Connect with us

Social

ပြည်ပရောက် မြန်မာ အလုပ်သမားများအတွက် အသက်အာမခံများ ထားရှိနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိ

မြန်မာ အလုပ်သမားတစ်ဦး အလုပ်လုပ်နေစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၄ ရက် (ဆင်ဟွာ)

ပြည်ပရောက် မြန်မာအလုပ်သမားများ အတွက် အသက်အာမခံများ ထားရှိနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါ်ဝင်းမော်ထွန်း ထံမှ သိရသည်။

ပြည်ပတွင် သွားရောက် လုပ်ကိုင်နေသော အလုပ်သမားများအတွက် အကူအညီများ ပေးခြင်းနှင့် စပ်လျှင်း၍ ၎င်းက ပြောကြားခဲ့ ခြင်းဖြစ်သည်။

အစိုးရ ပြည်ပ အလုပ်အကိုင် အေဂျင်စီ (၁)ခု အပါအဝင် ပြည်ပအလုပ်အကိုင် အကျိုးဆောင် လိုင်စင်ရ အေဂျင်စီ (၂၀၂)ခု တို့အား တရားဝင် အကျိုးဆောင် လိုင်စင်များ ထုတ်ပေးထားပြီး ၁၉၉၀ ပြည့်နှစ်မှစ၍ ၂၀၁၅ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့အထိ ပြည်ပနိုင်ငံများသို့ တရားဝင် စေလွှတ် ဆောင်ရွက် ပေးခဲ့သော အလုပ်သမားဦးရေ မှာ၂၈၅,၃၆၃ ဦး ဖြစ်ပါကြောင်း၊ ပြည်ပနိုင်ငံများတွင် ရောက်ရှိလုပ်ကိုင်နေသော အလုပ်သမားများ အခက်အခဲအမျိုးမျိုး ကြုံတွေ့ရပါက မြန်မာသံရုံး၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံးများမှ သံတမန် ကိုယ်စားလှယ်များ စေလွှတ်၍ ဖြေရှင်းဆောင်ရွက် ပေးလျက် ရှိပါကြောင်း ဆိုသည်။

ပြည်ပရောက် မြန်မာ အလုပ်သမားများအတွက် ထိခိုက်မှုအာမခံနှင့် အသက်အာမခံများ ထားရှိနိုင်ရေးကိုလည်း ဆောင်ရွက်ပေးလျက်ရှိပြီး နယ်ပွဲစားများ ပပျောက်စေရေးအတွက် အလုပ်သမားအသစ်များ စုဆောင်းရာ၌ တစ်ဆင့်ခံပွဲစားများဖြင့် စုဆောင်းခြင်း မပြုစေဘဲ လိုင်စင်ရ အေဂျင်စီများမှ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်များ၌ ရုံးခွဲများဖွင့်လှစ်၍ ကိုယ်စားလှယ် များအား တာဝန်ပေးအပ်ပြီး တိုင်းဒေသကြီး၊ ပြည်နယ်၊ မြို့နယ်များရှိ အလုပ်အကိုင်၊ အလုပ်သမား ရှာဖွေရေးရုံးများနှင့် ဆက်သွယ်ပြီး အလုပ်သမားများကို စုဆောင်းစေလျက် ရှိပါကြောင်း ဒုတိယဝန်ကြီး ဒေါ်ဝင်းမော်ထွန်း မှ ပြည်သူ့လွှတ်တော်တွင် ဖြေကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.