Social
မဟာဓာတ်အားလိုင်းချို့ယွင်းသွားသဖြင့် တစ်နိုင်ငံလုံးနီးပါး လျှပ်စစ်မီး အချိန်အကန့်အသတ်မရှိ ပြတ်တောက်မည်

ရန်ကုန်၊ ဒီဇင်ဘာ ၂၄ ရက် (ဆင်ဟွာ)
မန္တလေးတိုင်းဒေသကြီး သာစည် နှင့် သပြေဝကြား တွင် မဟာဓာတ်အားလိုင်း ဓာတ်အားပေး စနစ်ချို့ ယွင်းသွားသဖြင့် တစ်နိုင်ငံလုံးနီးပါး လျှပ်စစ်ဓာတ်အား အချိန်အကန့် အသတ်မရှိ ပြတ်တောက် မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းထံမှ သိရသည်။
မဟာဓာတ်အားလိုင်းက System Break Down ကျသွားသဖြင့် လျှပ်စစ်မီးများ ယာယီပြတ်တောက် မည်ဖြစ်ပြီး ပြင်ဆင်နေဆဲဖြစ်ကြောင်း အဆိုပါဌာနထံမှ သိရသည်။
ရန်ကုန်မြို့တွင်း အချို့နေရာများတွင် မီးပျက်နေစဉ် (ဆင်ဟွာ)
ရန်ကုန်မြို့အပါအဝင် မြန်မာနိုင်ငံအနှံ့တွင် ညနေ ၆နာရီ ၂၀ ဝန်းကျင်မှ စတင်ကာ လျှပ်စစ်မီးပြတ်တောက်သွားခဲ့သည်။ (Xinhua)
Continue Reading