Connect with us

Social

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၌ တန်ဖိုးသင့်အိမ်ရာစီမံကိန်း အကျိုးတူ ဆောင်ရွက်ရန် စီစဉ်

လှိုင်သာယာ စက်မှုဇုန် အလုပ်သမားများ အတွက် တန်ဖိုးနည်းအိမ်ရာ (ဓာတ်ပုံ-MOI)

ရန်ကုန် ၊ ဒီဇင်ဘာ ၂၃ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်အတွင်းရှိ ပျဉ်းမပင်အိမ်ရာစခန်းမြေတွင် ပါဝင်သော မြေဧရိယာ (၃၉)ဧကတွင် တန်ဖိုးသင့် အိမ်ရာစီမံကိန်းအား အကျိုးတူ ဆောင်ရွက်ရန် ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ ပြည်တွင်း လုပ်ငန်းရှင်များအား အိတ်ဖွင့် တင်ဒါ ခေါ်ယူဆောင်ရွက်နေကြောင်း သိရသည်။

ထိုတန်ဖိုးသင့် အိမ်ရာစီမံကိန်းသည် ဆောက်လုပ်ရေး ဝန်ကြီးဌာန ၊ မြို့ပြနှင့် အိမ်ရာ ဖွံ့ဖြိုးရေး ဦးစီးဌာနပိုင် ဖြစ်သော မင်္ဂလာဒုံမြို့နယ်၊ မြေတိုင်းရပ်ကွက် (၅၂၉/A)၊ ပျဉ်းမပင်အိမ်ရာစခန်းမြေတွင် ပါဝင်သော မြေဧရိယာ(၃၉)ဧကတွင် တည်ရှိပြီး အိတ်ဖွင့် တင်ဒါစနစ်ဖြင့် အကျိုးတူ ဆောင်ရွက်သွားမည် ဖြစ်ပြီး တင်ဒါအဆိုပြုလွှာများကို ဇန်နဝါရီလ ၁၉ ရက် နောက်ဆုံးထား၍ တင်သွင်းရမည် ဖြစ်ကြောင်း သိရသည်။

၂၀၁၅-၂၀၁၆ ဘဏ္ဍာ နှစ်အတွင်း တန်ဖိုးနည်း အိမ်ရာ၊ တန်ဖိုးသင့် အိမ်ရာ၊ တန်ဖိုးမြင့် အိမ်ရာများ နှင့် ပြည်သူ့ အငှား အိမ်ရာ အိမ်ခန်းပေါင်း ၃၀,၀၀၀ နီးပါး တည်ဆောက် သွားမည် ဖြစ်ပြီး အိမ်ရာ ကဏ္ဍတွင် နှစ် (၂၀) ရေရှည် ဖွံ့ဖြိုးရေး စီမံကိန်းဖြင့် ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်မှ ၂၀၃၀-၂၀၃၁ ဘဏ္ဍာရေးနှစ် အထိ အိမ်ရာယူနစ် တစ်သန်းကို တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ မြို့တော်များနှင့် ဖွံ့ဖြိုးမှု အလားအလာ ရှိသည့် မြို့ကြီး (၈၁) မြို့၌ တည်ဆောက်ရန် ရည်မှန်းထားကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.